SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံ ဆိုင်ရာ ပညာသင် မြန်မာ ရဟန်းတော်များ သာယာ ဖွံ့ဖြိုးရေး အဖွဲ့က ရခိုင်ပြည်နယ် အတွင်း နယ်စပ် ခြံ စည်းရိုး ကာရံခြင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

Monday, 23 October 2017 09:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ  ၂၂

ရခိုင်ပြည်နယ် အတွင်း နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက်  အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ  အိန္ဒိယ နိုင်ငံဆိုင်ရာ ပညာသင်မြန်မာ ရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ Myanmar  Monk-Students Welfare Association of  INDIA (Myanmar Buddhist Academic Centre) ဗုဒ္ဓဂယာ အိန္ဒိယမှ ဒေါက်တာ အရှင်သူရိယဓဇ ဦးဆောင်သည့် သံဃာတော်များ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ဒေါက်တာ အရှင်သူရိယဓဇက အလှူ ငွေကျပ် ၉၁၈၄ဝဝအား ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုး ကာရံခြင်း အတွက် အလှူရှင်များက စုပေါင်း လှူဒါန်းထားသည့် အလှူငွေ စုစုပေါင်းမှာ ယနေ့အထိ ကျပ်သိန်းပေါင်း  ၇၂၅၃၅  ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Read 39 times Last modified on Monday, 23 October 2017 09:38