SJ WorldNews - шаблон joomla Авто

ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့ ဆဋ္ဌမ အကြိမ် ဆွေးနွေး

Friday, 11 August 2017 10:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁ဝ

ဒေသတွင်း တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး ရရှိရန်မှာ ယခုအခါ တွင် နိုင်ငံတော်၏ အဓိက လိုအပ်ချက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံး၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသော ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN) တို့ ဆဋ္ဌမအကြိမ် တွေ့ဆုံေ ဆွးနွေးပွဲတွင် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်သော ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးခင်ဇော်ဦး၊ ဦးဝင်းမြင့် (ဒုတိယ ရှေ့နေချုပ်)၊ ဦးအောင်ကြည်၊ ဦးနိုင်ငံလင်း၊ ဒေါက်တာ အောင်ထွန်း သက်၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ကြသည်။ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ နိုင်အောင်မငေး (ဒုတိယ အဖွဲ့ခေါင်း ဆောင်)၊ စပ်ဆေအွန်၊ ဦးဘုန်းနိုင်၊ ဦးမင်းထွန်း၊ ဒေါက် တာ နိုင်ရွှေသိန်း၊ စိုင်းဟက်ဟန်၊ ဦးထွန်းဇော်နှင့် နာဗစ်ဘွန်တို့ တက်ရောက်ကြပြီး လေ့လာသူအဖြစ် PPWTမှ ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် နည်းပညာ အထောက်အ ကူပြုအဖွဲ့များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားရာ၌ ၂ဝ၁၆ ခုနှစ် ဇွန်လက ထိုင်း နိုင်ငံချင်းမိုင်မြို့၌ ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN အဖွဲ့တို့ စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ တစ်နှစ်ကျော်ကာလအတွင်း ဆွေးနွေးပွဲ အနေဖြင့် ယခုအကြိမ် အပါအဝင် ခြောက်ကြိမ်၊ အကြိုညှိနှိုင်း ဆွေးနွေးမှုအဖြစ် ၁ဝ ကြိမ်ခန့် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် DPN အဆိုပြုသော အချက်(၉)ချက် ဆွေးနွေးမှုသည် ယခုအခါ အတော်အသင့် ခရီးပေါက် ခဲ့ပြီဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု များပြားလာသည်နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် ညီရင်းအစ်ကိုသဖွယ် ငြင်းခုံပြောဆိုမှုများရှိသည့်နည်းတူ မတူကွဲပြားသည့် အချက်များအပေါ် တွင်လည်း ပွင့်လင်းစွာ ဆွေးနွေးကြပြီး တူညီသော အချက်များတွင်လည်း ဝမ်းမြော က်စွာ အတည်ပြု ဆွေးနွေးနိုင်ခဲ့ ကြောင်း၊ ယခုအခါ ကျန်ရှိနေသော အချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရမည် ဖြစ်ကြောင်း၊ အဓိကအား ဖြင့် အဖွဲ့အစည်းများအကြား တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ရင်းနှီးမှု၊ ယုံကြည်မှုအပြင် မတူကွဲပြားမှု၊ လိုလားချက်များရှိရာ ယင်းတို့အား ညှိနှိုင်းအဖြေရှာရမည် ဖြစ်ကြောင်း၊ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် DPN အနေဖြင့် NCA လက်မှတ်ရေးထိုးကာ ပါဝင်တက်ရောက်လိမ့်မည်ဟု ယုံကြည်ေ ကြာင်း ပြောကြားသည်။

ဆက်လက်၍ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ယနေ့ဆွေးနွေးပွဲသို့ မိမိတို့ အဖွဲ့အနေဖြင့် အမြင့်ဆုံး မျှော်လင့်ချက်ထားကာ လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ယခုအခါ ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့အကြား ညှိနှိုင်းဆွေးနွေးမှု ၁၄ လေ ကျာ်လာပြီဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ဝေါဟာရ အဓိပ္ပာယ် နားလည်မှု မတူညီသည်များနှင့် အကြောင်းအရာ တစ်စုံတစ်ရာ ရှေ့နောက်အထားအသို အမြင်မရှင်းလင်း သည်များ၊ သွားလိုသည့် အနေအထားမျိုး အပေါ်တွင် တစ်ဖက်နှင့်တစ်ဖက် အမြင်မတူ နေသည်များ ရှိကြောင်း၊ ယင်းအပေါ် ကိုယ်စီကိုယ်စီ ညီရင်းအစ်ကိုပမာ ပြန်လည်သုံးသပ်ပြီး တူညီသည့် နည်းလမ်းများဆီ သွားနိုင်ရန် ပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာ ကြစေ လိုကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးစု ဖက်ဒရယ် ကောင်စီ (UNFC) က NCA လက်မှတ်ရေးထိုးနိုင် ရေးအတွက် အဆိုပြုသော အချက်(၉)ချက်တွင် အရေးကြီး အချက်(၈)ချက်နှင့် ပတ်သက်၍ တစ်ချက်ချင်းအလိုက် အသေးစိတ် ပြန်လည် စိစစ်ခြင်းများ အတည်ပြုကြသည်။ DPN အနေဖြင့် တစ်ချက်ချင်းအလိုက် နားလည်မှုရရှိပြီး စ ကားလုံး အသုံးအနှုန်း၊ ဝေါဟာရ အဓိပ္ပာယ်များအပေါ် နှစ်ဖက်စလုံးမှ ယခင်လက်ခံ ခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်း ကာလတွင် အဆင်မပြေမှုများ ရှိနေသည့်အတွက် ပြန်လည်ညှိနှိုင်း နေရမှုများကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ယနေ့ဆွေးနွေးပွဲမှ သိရသည်။

ယင်းတို့အား အသေအချာ ညှိနှိုင်းဆောင်ရွက် အတည်ပြုနိုင်ရေး ဆွေးနွေးခြင်း၊ ထို့ပြင် နှစ်ဦးနှစ်ဖက် ရှေ့ဆက်သွားမည့် ခရီးအတွက် နည်းလမ်းရှာ သွားလိုသည့် အချက်များ အပေါ်တွင် ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း တွင် ရှေ့ဆက်သွားမည့် နည်းလမ်းများအား ဆွေးနွေးခြင်း၊ ပူးတွဲစောင့်ကြည့် လေ့လာရေး ယန္တရားဖြစ်စဉ်တွင် နိုင်ငံတကာမှ အသိပညာရှင် အတတ်ပညာရှင်များ လာရောက် လေ့လာခွင့်၊ နည်းပညာအ ထောက်အကူပြုခွင့်နှင့် အကြံပြုခွင့်တို့ကို မည်သည့် အခြေအနေ၊ အချိန်အခါမျိုးတွင်မဆို ပါဝင်ခွင့် ရရှိနိုင်ရေး ကိစ္စ များဆွေးနွေးခြင်း၊ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံတွင် DPN အနေဖြင့် တက်ရောက် ခွင့်ရရှိရန် ယုံကြည်မှု တည်ဆောက်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခြင်း၊ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွင် DPN အနေဖြင့် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများနှင့် အခြားအချက်များအပေါ် အပြန်အလှန် ဆွေးနွေးခြင်းတို့ ညှိနှိုင်းကြသည်။

ယနေ့ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးစု ဖက်ဒရယ် ကောင်စီ (UNFC) ၏ တောင်းဆိုချက် အချက် (၉)ချက်တွင် အရေးကြီး အချက်(၄)ချက်အား နှစ်ဖက်ခေါင်းဆောင်များက စိစစ်ညှိနှိုင်း သဘောတူ ဆွေးနွေးနိုင်ခဲ့ကြကြောင်း၊ ထပ်မံ၍ ကျန် ရှိနေသေးသော အချက်(၅)ချက်အား ဆွေးနွေးပွဲ ဒုတိယနေ့တွင် ထပ်မံဆွေးနွေးသွားမည် ဖြစ် ကြောင်း သိရသည်။ ဒုတိယနေ့ ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက် (ယနေ့) တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Read 168 times Last modified on Friday, 11 August 2017 10:27