SJ WorldNews - шаблон joomla Авто

မြန်မာကင်းထောက် ကိုယ်စားလှယ်များ နိုင်ငံတကာမှ ကင်းထောက်များနှင့် အတွေ့အကြုံ ဖလှယ်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

Tuesday, 14 November 2017 08:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၁၃

မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ချုပ်၏ ကင်းထောက်အမျိုးသမီး ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် "GGAT  60th  Anniversary Camp of Thailand  2017"အခမ်းအနားသို့ တက်ရောက်ရန် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

''ဒီပွဲမှာ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ဗဟုသုတတွေ အများကြီးရမှာ။ သမီးတွေကို နိုင်ငံတကာရဲ့အတွေ့အကြုံတွေ အတတ်ပညာတွေ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင် သိရှိပြီးတော့ ရစေချင်တယ်။ ရလာတဲ့သူတွေတိုးပွားလေ ဒီမှာ ဖြန့်ဖြူးနိုင်တဲ့သူတွေ တိုးပွားလေပေါ့''ဟု အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း လသာမှ ကင်းထောက်တာဝန်ခံ ဒေါ်ဆွေဆွေလွင်က ပြောသည်။

''ပြန်လာရင် ကျောင်းမှာ သင်တန်းဖွင့်မယ် ကျောင်းက မောင်လေးတွေရော ညီမလေးတွေရော ကင်းထောက်အချင်းချင်းရော အားလုံးကို နိုင်ငံတကာက ရလာတဲ့ အတွေ့အကြုံတွေကို မျှဝေသွားမယ်''ဟု အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဒဂုံမှ နဝမတန်းကျောင်းသူ မဝင်းမြတ်မြတ်ဖြိုးက ပြောသည်။

အခမ်းအနားတွင် နိုင်ငံတကာ ကင်းထောက် အတတ်ပညာများ အတွေ့အကြုံ ဗဟုသုတများ၊ ယဉ်ကျေးမှု ကင်းထောက်ဆိုင်ရာ လှုပ်ရှားမှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာကင်းထောက် အမျိုးသမီး ကိုယ်စားလှယ်များအဖြစ် အဖွဲ့ချုပ် မှတာဝန်ခံ နှစ်ဦး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသူ ၂၁ ဦး၊ အခြေခံပညာ ဦးစီးဌာနကျောင်းများမှ အလယ်တန်းပြဆရာမ ငါးဦး၊ ကျောင်းသူ၂၆ ဦး စုစုပေါင်း ၅၄ ဦး တက်ရောက်ကြောင်း သိရသည်။

Read 18 times Last modified on Tuesday, 14 November 2017 08:25