SJ WorldNews - шаблон joomla Авто

ယခုကဲ့သို့ သင်တန်းတက်ရောက်ခြင်းဖြင့် တပ်မတော်၏ စွမ်းရည်ကို တိုးတက်စေပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရာတွင် အထောက်အကူပြုမည်ဖြစ်

Tuesday, 14 November 2017 21:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ နိုဝင်ဘာ ၁၄

အရည်အချင်းပြည့်ဝသည့် အရာရှိကြီးများကိုသာ စိစစ်ရွေးချယ်၍ စစ်ဘက်ဆိုင်ရာ သင်တန်းများတွင် အမြင့်ဆုံး ဖြစ်သည့် ယခုသင်တန်းကို တက်ရောက်စေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်တန်းတက်ရောက်ခြင်းဖြင့် တပ်မတော်၏ စွမ်းရည်ကို တိုးတက်စေပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာတွင် အထောက်အကူ ပြုမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများကို တွေ့ဆုံအမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

 

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် နည်းပြ အရာရှိကြီး များ၊ သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ တာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီသာ ထမ်းဆောင်လျက်ရှိကြောင်း၊ ကာကွယ်ရေး တည်ဆောက်မှုသည်လည်း နိုင်ငံတော်ကိုကာကွယ်ရန် အတွက်သာဖြစ်ကြောင်း၊ တပ်မတော် အနေ ဖြင့်တိုင်းပြည်က အားထားရသည့်၊ ပြည်သူက အားကိုးရသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့် နယ်နိ မိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုရှိရန် အရေး ကြီးကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုမရှိလျင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ တပ်မတော် များနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက် လျက်ရှိကြောင်း ဦးစွာပြောကြားသည်။

 ထို့နောက် ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်တစ်ရပ်သည် တိုက်စွမ်းရည်၊ တိုက်စွမ်း အားရှိသည့် တပ်မတော်ဖြစ်ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအား ရရှိရန်အတွက် ငွေကြေးသုံးစွဲနိုင်မှု၊ လူသားအရင်း အမြစ်များနှင့် စွမ်းဆောင်နိုင်မှုများ အပေါ်မူတည်ကြောင်း၊ တိုက်စွမ်းရည်ဆိုသည်မှာ အရာရှိ၊ စစ်သည်များ၏ အရည်အချင်းပင်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် စသည့် စွမ်းရည် ၃ ရပ် ပြည့်စုံရမည်ဖြစ်ကြောင်း၊ ထိုသို့စွမ်းရည် ၃ ရပ် ပြည့်ဝနေစေရန်အတွက် လေ့လာလေ့ကျင့်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ယနေ့ ခေတ်သစ် စစ်ပွဲများတွင် လေကြောင်းအကဲသာမှုနှင့် အီလက် ထရောနစ် နည်းပညာ သာလွန်မှုရှိသည့် တပ်ကသာ စစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့် သင်ယူတတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ပေါင်းစပ်ပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် စွမ်းရည်ရှိသော တပ်မတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို အပြည့်အ၀ ကာကွယ်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

 ဆက်လက်ပြီး တပ်မတော်ကို အင်အားခိုင်မာအောင် တည်ဆောက်ရာတွင် စည်းလုံးညီညွတ်ရေးသည် အရေးပါကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် ညီညွတ်မျှတသည့် အမိန့်ပေးခြင်း၊ စီမံ ခန့်ခွဲခြင်းနှင့် စည်းရုံးခြင်းများဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အုပ်ချုပ်ရသူများ၏ သဘောသဘာဝကို နားလည်နေရမည်ဖြစ်ပြီး မိမိအနေဖြင့် စံနမူနာပြထား၍ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုလုပ်” ဟု ပြတ်သားစွာ ဦးဆောင်မှုပေးရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာတွင် တွေးခေါ်မြော်မြင်မှုကို အ ထောက်အကူဖြစ်စေသည့် သမိုင်း၊ ပထ၀ီ၊ ယဉ်ကျေးမှုနှင့်စိတ်ပညာစသည့် ၀ိဇ္ဇာပညာရပ်များကို ပစ်ပယ်၍မရ ကြောင်း၊ ၎င်းပညာရပ်များသည် စီမံခန့်ခွဲမှုကို များစွာအထောက်အကူပြုသဖြင့် မဖြစ်မနေလေ့လာ သင်ယူရမည် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုရှိမှသာ တပ်အနေဖြင့် တိုက်စွမ်းရည် တိုးတက်ကောင်းမွန် မည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်စစ်စည်းကမ်းများကို တိကျစွာ လိုက်နာပြီး စစ်သားပီသစွာ နေထိုင်ကျင့်ကြံခြင်းသည် လက်တွေ့မပါသော စည်းရုံးရေးပင်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။

 ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် ဖြစ်စဉ်မှန်များကို နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများ နှင့် မီဒီယာများက အမှန်အတိုင်းသိရှိခြင်းမရှိသောကြောင့် ၎င်းတို့သိရှိစေရန်အတွက် မိမိတို့အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ အစိုးရနှင့်တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲပြောဆိုမှုများရှိကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်၏ အချုပ်အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော် အစိုးရထံတင်ပြ၍ ဥပဒေနှင့်အညီ လုပ်သင့်လုပ်ထိုက် သည်များကိုသာ ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ဘင်္ဂါလီများသာမက မည်သူမဆို နိုင်ငံသား ဖြစ်ခွင့်အား ၁၉၈၂ခုနှစ်၊ နိုင်ငံသား ဥပဒေနှင့်အညီသာ ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းပြည်စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် မည်သည့်ကိစ္စမျိုးကိုမဆို တပ်မတော်က လက်ခံမည် မဟုတ်ကြောင်း ပြောကြားသည်။

 ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ယနေ့ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဒီမိုကရေစီ ကျင့်စဉ်များအတိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့အတွက် ရရှိမည့် အခွင့်အရေးတစ်ခုတည်းကိုသာ မျှော်မှန်းပြီး လုပ်ဆောင်နေလျှင် ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေး နေမည် သာဖြစ် ကြောင်း၊ ဥပဒေနှင့်အညီသာ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံမှု ရှိရန်လိုပြီး ပစ္စုပ္ပန်အခြေအနေမှ အနာဂတ်ကို ပုံဖော်ရမည်ဖြစ်ကာ အတိတ်ကို သင်ခန်းစာယူရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်လာ မည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်ပန်း တပ်နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမ၌ ဆေးရုံတပ်မှူးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆေးဝါး ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အုပ်ချုပ်မှုဆိုင်ရာနှင့် ဆေးဝါးကုသမှု ဆိုင်ရာများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံ တက်ရောက်ကုသလျက်ရှိသော အရာရှိ၊ စစ်သည်များအား လိုက်လံတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုများနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများအား မေးမြန်းကာ အားပေးစကားများ ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ ၀င်များသည်လည်း အမျိုးသမီး ကုသဆောင်၌ တက်ရောက် ကုသလျက်ရှိသော မိသားစုဝင်များအား လိုက်လံတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါး ကုသပေးထားမှုများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား မေးမြန်းကာ အားပေးစကားများ ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

Read 35 times Last modified on Wednesday, 15 November 2017 08:14