SJ WorldNews - шаблон joomla Авто

UWSA “ ၀ ” အဖွဲ့က အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မလူသစ် စုဆောင်းလျက်ရှိသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်

Wednesday, 15 November 2017 11:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ နိုဝင်ဘာ - ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့နယ်(ခွဲ)အတွင်း UWSA “ ၀ ” အဖွဲ့မှ အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မလူသစ် စုဆောင်းမှုများကြောင့် မိုင်းယန်းမြို့နယ်၏အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ နမ့်ဆော်(အာခါ)ကျေးရွာနှင့် တုံဖကော်ကျေးရွာတို့မှ လားဟူတိုင်းရင်းသားများသည် နိုဝင်ဘာ ၁၁ ရက်တွင် နမ့်မော်ခမ်း ကျေးရွာနှင့် လေးအိမ်စုကျေးရွာများသို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိမ်းရှောင်ထွက်ပြေးလာသည့် လားဟူတိုင်းရင်းသားများ၏ ပြောပြချက်များအရ UWSA “ ၀ ” အဖွဲ့က ကျေးရွာ များမှ အိမ်ထောင်စုတစ်စုလျှင် အမျိုးသား ၃ ဦးရှိပါက ၂ ဦးကို ၎င်းတို့အဖွဲ့သို့ မဖြစ်မနေ၀င်ရောက်တာဝန်ထမ်း ဆောင်ရန်နှင့် အမျိုးသမီးများအား တရုတ်စာသင်ပေးမည်ဟု အကြောင်းပြ၍ လိမ်လည်ခေါ်ဆောင်ခြင်းများ ဆောင်ရွက် လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

တိမ်းရှောင်ထွက်ပြေးလာသည့် မိသားစုဝင်များအား နိုဝင်ဘာ ၁၃ ရက်တွင် နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Wednesday, 15 November 2017 11:36