SJ WorldNews - шаблон joomla Авто

အကြိမ်(၁ဝဝ)မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲ ကျင်းပ

Sunday, 19 November 2017 08:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၈

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က ကြီးမှူး ကျင်းပသည့် အကြိမ်(၁ဝဝ)မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ရွှေတိဂုံ စေတီတော် တောင်ဘက် ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ တပ်မတော် ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်များ၊ စေတိယင်္ဂဏ နာယက သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များ၊ နိဗဒ္ဓ သံဃာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ စာလျှောက် မေးပွဲဝင်ရောက် ဖြေဆိုရန် ကြွရောက်တော် မူလာကြကုန်သော စာဖြေ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။ ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာ ဂနဝ္ထါစက ပဏ္ဍတိ ရန်ကင်းမြို့နယ် မဟာ ဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက် ကျိုက်ပိကျောင်း ဆရာတော် ဘဒ္ဒန္တ ဂုဏေသနထံမှ ဂေါပက အဖွဲ့ဝင်များနှင့် အခမ်း အနားတက်ရောက်လာသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် စာလျှောက်မေးပွဲ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်မင်္ဂလာ စကားလျှောက်ထားသည်။ ထို့နောက် ရွှေတိဂုံ စေတီတော် သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ၊ ဒွိပိဋက ကောဝိဒ ကေ လးဝတောရ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဇာဂရာ ဘိဝံသထံမှ သြဝါဒကထာ နာကြားကြပြီး စာဖြေ သံဃာတော်များက အာဂုံပြန်ဆိုကြသည်။ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့သည် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကို ၁၃၄၅ ခုနှ စ် (၆၇)ကြိမ်မြောက်ကာလ မှစ၍ တာဝန်ယူ ကျင်းပခဲ့ရာ ယခုဆိုလျှင်အကြိမ် (၁ဝဝ)မြောက်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။

ယခင် (၉၉)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် သီးခြားစာချတန်းမှ လေးပါးနှင့် သီးခြားစာသင်တန်းမှ ငါးပါး စုစုပေါင်း သံဃာတော်ကိုးပါး အောင်မြင်တော်မူခဲ့ပြီး ယခုနှစ် အကြိမ် (၁ဝဝ)မြောက် စာလျှောက်မေးပွဲတွင် သီးခြား စာချတန်း၌ ၂၇ ပါး၊ သီးခြား စာသင်တန်း၌ ၁၉၂ ပါး စုစုပေါင်း ၂၁၉ ပါးတို့ စာရင်းပေးသွင်း ထားကြကာ ယနေ့မှစ၍ နိုဝင်ဘာ ၂၄ ရက်အထိ သီးခြားစာသင်တန်း အာဂုံ ပြန်ဖြေဆိုသွားကြမည် ဖြစ်သည်။ ပရိယတ္တိ သာသနာတော်ကြီး အရှည်တည် တံ့ ခိုင်မြဲစေရန် အဇာတသတ်မင်း၏ ပစ္စယာနုဂ္ဂဟဖြင့် အရှင်မဟာ ကဿပမထေရ် အကြီးအမှူးပြုသည့် ရဟန္တာ ၅ဝဝ တို့က ပထမ သင်္ဂါယနာ တင်တော်မူခဲ့သည်မှ အစပြု၍ သာသနာ့ ဝန်ဆောင် သံဃာတော်များက စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ေ ရှာက်တော် မူခဲ့ကြ၍သာလျှင် ယခုအချိန်အထိ သာသနာတော် စည်ပင်ထွန်းကား ပြန့်ပွားလျက် ရှိသည်ဟု မှတ်သား သိရှိရသည်။

Read 56 times Last modified on Sunday, 19 November 2017 08:32