SJ WorldNews - шаблон joomla Авто

အပျော်စီး သင်္ဘော Superstar Libra ခရင်းခွကျွန်းသို့ ဒုတိယ အကြိမ် လည်ပတ်

Sunday, 19 November 2017 10:00 font size decrease font size decrease font size increase font size increase font size

ကော့သောင်း နိုဝင်ဘာ ၁၈

တနင်္သာရီ တိုင်းဒေသကြီး အတွင်း ပင်လယ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမှုနှင့် အတူ Tint Tint Myanmar Group of Companies နှင့် ဟောင်ကောင်နိုင်ငံ အခြေစိုက် Star Cruise အပျော်စီး သင်္ဘော ကုမ္ပဏီတို့ အစီအစဉ်ဖြင့် Genting Star Cruise မှ အပျော်စီး ခရီးသည်တင် သင်္ဘော Superstar Libra သည် နိုင်ငံစုံမှ ခရီးသွားများကို တင်ဆောင်ကာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ တစ်ဆင့် အက်ဒမန် ပင်လယ် ကော့သောင်းမြို့နယ် ခရင်းခွကျွန်းသို့ နေ့ချင်းပြန် ခရီးစဉ် အဖြစ် ဒုတိယအကြိမ် လာရောက် လည်ပတ် အပန်းဖြေခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ် အပန်းဖြေကြသည့် ခရီးသွား ဧည့်သည်များကို ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Tint Tint Myanmar Group of Companies ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်နှင့် ဝန်ထမ်းများ၊ ဒေသခံ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြသည်။

Bahmas နိုင်ငံ Nassau မှ မှတ်ပုံတင်ထားသည့် Superstar Libra သင်္ဘောသည် မြန်မာနိုင်ငံ အက်ဒမန်ပင် လယ်အတွင်း ခရင်းခွကျွန်းပေါ်ရှိ Myanmar Andaman Resort နှင့်ကော့သောင်းမြို့အနီး လှပသာယာသည့် ကျွန်းများသို့ တစ်နေ့တာ လာရောက် လည်ပတ်ကာ ညနေပိုင်းတွင် မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

Read 449 times Last modified on Sunday, 19 November 2017 10:01