SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးထင်ကျော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi အား လက်ခံတွေ့ဆုံ

Monday, 20 November 2017 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလသစ်၌ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အိမ်နီးချင်းကောင်း မိတ်ဆွေရင်း နိုင်ငံကြီး ပီသစွာ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံအား ဘက်စုံကဏ္ဍစုံတွင် ကူညီဆောင်ရွက် ပေးခဲ့မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ တိုး မြှင့်ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ ဦးမင်းသူနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang လည်း တက်ရောက်သည်။

Read 52 times Last modified on Monday, 20 November 2017 10:00