SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ စင်ကာပူနိုင်ငံသို့ ရောက်ရှိ

Wednesday, 22 November 2017 16:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ နိုဝင်ဘာ ၂၂

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၈) ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Chiefs of Army Multilateral Meeting- ACAMM နှင့် (၂၇) ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲ 27th ASEAN Armies Rifle Meet- AARM ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုဝင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ စင်ကာပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား အမှတ်(၃)တပ်မမှ Lt.Col Wee Jack Ong ၊ စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) စစ်သံမှူး ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံးသို့ ရောက်ရှိကြရာ စစ်သံမှူး (ကြည်း၊ေ ရ၊လေ)နှင့် စစ်သည်များ၊ မိသားစုများနှင့် သင်တန်းသား အရာရှိများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က စစ်သံရုံး မိသားစုများအား အမှာစကား ပြောကြားရာတွင် တာဝန်ကျရာ နိုင်ငံအလိုက် ဘာသာစကားများကို ကျွမ်းကျင်စွာ တတ်မြောက်အောင် လေ့လာသင်ယူရန် အရေးကြီးကြောင်း၊ တာဝန်ထမ်းဆောင် နေကြသည့် မိသားစုများ စည်းစည်းလုံးလုံးနှင့် ညီညွတ်စွာ ပူးပေါင်းလုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်သလို ကိုယ်တိုင်လည်း ကျန်းမာအောင် နေထိုင်ရေး မှာကြားပြီး သင်တန်း တက်ရော က်နေသည့် သင်တန်းသား အရာရှိကြီး အနေဖြင့် နိုင်ငံတော်အတွက်၊ Human Resource အတွက် အနာဂတ်ကာလ မျှော်မှန်း၍ လေ့လာရန် စေလွှတ်ထားသည့် ရည်ရွယ်ချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး မမေ့မလျော့ဘဲ အားသွန်ခွန်စိုက် ကြိုးပမ်းလေ့လာ ပြီး တတ်မြောက် ကျွမ်းကျင်အောင် ဆောင်ရွက်ရန် အလေးထား မှာကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သံရုံးမိသားစုများနှင့် သင်တန်းသားများအား အမှတ်တရ လက်ဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 48 times Last modified on Wednesday, 22 November 2017 16:37