SJ WorldNews - шаблон joomla Авто

နေပြည်တော် ၊ သြဂုတ် - ၂၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသတွင်း တည်ငြိမ်မှုများ ပျက်ပြားပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် ၎င်းတို့ဘိုးစဉ် ဘောင်ဆက်နေထိုင်ခဲ့သည့် နေရပ်ကို စွန့်ခွာ၍ လုံခြုံရေး စိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့ နေ ထိုင်လျက်ရှိရာ ၎င်းတို့၏ စားသောက်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ဒေသများတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များမှ လှူဒါန်းသည့် စားသောက်ကုန် ပစ္စည်းများဖြစ်သော ကြက်ဥ ၅၀၀၀၀ လုံး၊ ဆား ၇၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၁၆၈ တွဲ၊ ကြက်သွန် ၆၀၉ ပိဿာ၊ အာလူး ၆၀၁ ပိဿာနှင့် ပဲကတ္တီပါ ၁၆၈ အိတ်တို့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် တပ်မတော် လေယာဉ်များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေး ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများအား စစ်တွေမြို့မှတစ်ဆင့် သက်ဆိုင်ရာ နေရာအသီးသီးသို့ ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Page 759 of 791