SJ WorldNews - шаблон joomla Авто
ပေးစာကဏ္ဍ

ပေးစာကဏ္ဍ (8)

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အောင်ဓမ္မရိပ်သာ ကျောင်းတိုက်ရှေ့ရှိ လူသုံးဦး တစ်ပြိုင်တည်း ခြေလွှဲကစားပစ္စည်းနှင့် ခါးလှည့်ကစား ပစ္စည်းတို့မှာ ပျက်စီးနေပါသည်။

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု မန္တလေး-မိုးကုတ် ကားလမ်း    ဆည်တော်ကြီး လမ်းခွဲအနီးရှိ လမ်းချိုင့်ခွက်များ ဖြစ်ပေါ်ကာ ပျက်စီးနေပါသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းရှိ နန့်ပတဲကျေးရွာမှ အင်းတော်ကြီးအင်းနှင့် ရွှေမဉ္ဇူ ရေလယ်ဘုရားသို့ သွားသော ကွန်ကရစ်လမ်းမှာ အောက်ခံမြေသား ကျွံကျ၍ အက်ကွဲပျက်စီး နေပါသည်။

လွိုင်ကော် သြဂုတ် ၂၁

ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံး ရပ်ကွက်အုပ်စု(၂)၊ အုပ်စု(၃)နှင့် အုပ်စု(၁၁)တို့ အတွင်း ဖြတ်သန်း ဖောက်လုပ်ထားသော ပန်းနံ့သာလမ်းရှိ ဆွေးမြည့်သစ်သား ဓာတ်တိုင်နေရာ၌ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ကွန်ကရစ် ဓာတ်တိုင်ဖြင့် အစားထိုး လဲလှယ်တပ်ဆင် ပေးစေလိုကြောင်း သြဂုတ် ၇ ရက်ထုတ် မြဝတီ သတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍ၌ ဖော်ပြခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စန္ဒဝတ် ကျေးရွာအုပ်စု ရွှေပေးကျေးရွာ မြို့ပတ်(၂)ရှိ ကွန်ကရစ် လမ်းကြမ်းခင်းမှာ ပေါက်ပြဲပျက်စီး နေပါသည်။ ထိုသို့ပျက်စီးနေသောကြောင့် အဆိုပါ တံတားကို အသုံးပြု၍ သွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ နှင့် ဒေသခံပြည်သူများမှာ သွားလာရာတွင် မလိုလားအပ်သော အန္တရာယ်များ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရပါသည်။

သို့ဖြစ်ပါ၍ ပျက်စီးနေသော တံတားအခင်းကို အမြန်ဆုံး ပြုပြင်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာပြုပြင်စရာကဏ္ဍ မှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။

လမ်းအသုံးပြုသူများ

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ပေါ် ရပ်ကွက် လမ်းမတော်လမ်းနှင့် ရတနာလမ်းဆုံ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စီးမော် အာစီကွန်ကရစ် တံတားအနီး လျှစ်စစ်ဓာတ်တိုင် အဟောင်းမှ လျှစ်စစ်ဓာတ်ကြိုး ပေါက်ပြဲနေမှုကြောင့် အနီးဝန်းကျင်မှ ဖြတ်သန်းသွားလာ ကြသူများအတွက် မလိုလားအပ်သော လျှပ်စစ်အန္တရာယ်များ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း သြဂုတ် ၁၂ ရက်နေ့ထုတ် မြဝတီ သတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍ၌ ဖော်ပြခဲ့ပါသည်။

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့ အမှတ် ၇ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ဝေဘာဂီ ကွန်ကရစ် တံတားခြေရင်းတွင် မြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှိုက်မပစ်ရ ဟူသော ဆိုင်းဘုတ်စိုက်ထူကာ တားမြစ်ထားသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ကြသည်။