SJ WorldNews - шаблон joomla Авто

တုံးလှဲချောင်းမြစ် ရေတိုက်စားသဖြင့် ကမ်းဆည်တည်ဆောက်ပေးရန် လိုလား

Wednesday, 03 January 2018 12:06 Written by  font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း ­ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ ၁၅ လမ်း ဧရာဝတီဆိပ်ကမ်းတံတားမှ အနောက်ဘက်ခြမ်း တန်တစ်ရာဖွဲနုဆီစက်အထိ နှစ်စဉ်တုံးလှဲချောင်း မြစ်ရေတိုက်စားလျက် ရှိခြင်းကြောင့် ကမ်းဆည်တည် ဆောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။ ''မော်လမြိုင်ကျွန်းမြို့တောင်ဘက် တုံးလှဲချောင်း မြစ်ရေက သိပ်ရေစီးကြမ်းတယ်။ နှစ်စဉ်လည်း လမ်းမြေတွေ ရေတိုက်စားမှု ရှိနေတယ်။ အခု ရေတိုက်စား ခံနေရတဲ့၁၅ လမ်းမကြီးကို ကမ်းဆည်တည်ဆောက် ပေးစေချင်ပါတယ်''ဟု ၁၅ လမ်းမကြီးတွင် နေထိုင်သူ ဒေသခံများက ပြောသည်။ ရေစီးကြမ်းသောတုံးလှဲချောင်းမြစ်ရေမှာ မိုးရာသီနှင့်ဆောင်းရာသီတို့တွင် ရေတိုက်စားမှုပြင်းထန်သဖြင့် လမ်းမြေများရေထဲသို့ နှစ်စဉ်ပြိုကျပါသွားလျက်ရှိရာ ၁၅ လမ်းရှိ ဒေသခံ ပြည်သူများသည် လူနေအိမ်များရေထဲသို့ ပါမသွားရေးအတွက် တစ်ပိုင်တစ်နိုင် ဝါးများဖြင့်ကာရံခြင်း၊ အချို့နေရာများတွင် အုတ်တံတိုင်း အနိမ့်ကာရံခြင်းများ ရှိခဲ့သော်လည်း ရေစီး ကြမ်းသော တုံးလှဲချောင်းမြစ်ရေမှာ ဆက်လက် ရေတိုက်စားနေခြင်းကြောင့် ကမ်းဆည်တည်ဆောက်ပေးရန် လိုလားနေကြခြင်း ဖြစ်ကြောင်း သိရသည်။

Read 383 times
Rate this item
(0 votes)
Last modified on Friday, 08 June 2018 14:35