SJ WorldNews - шаблон joomla Авто

နွားထိုးကြီး-မြို့သာ လမ်းပိုင်းများကို ပြုပြင်ပေးရန် လိုအပ်လျက်ရှိ

Thursday, 04 January 2018 09:43 Written by  font size decrease font size decrease font size increase font size increase font size

နွားထိုးကြီး   ဇန်နဝါရီ  

ရာသီမရွေး သွားလာနိုင်သော နွားထိုးကြီး-မြို့သာ ကတ္တရာလမ်းမိုင်(၂ဝ)မှာ လမ်းပျက်စီးမှု များနေသည့် အတွက် ပြန်လည်ပြုပြင်ပေးရန် ဒေသခံပြည်သူများက  လိုလားလျက် ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့မှ ၅ မိုင်ကွာ ထန်းကွ-ပဲချက်လမ်းပိုင်း၊ ၁ဝ မိုင်ကွာ ဝက်လူး-မြဝတီကျွန်းထောင့် လမ်းပိုင်း၊ ၁၈ မိုင်ကွာ မြို့သာ-ဆေးခင်းကြီး လမ်းပိုင်းတို့မှာ ကတ္တရာထပ်ပိုးလွှာလိုခြင်း၊ လမ်းချိုင့် လမ်းပဲ့များခြင်း၊ ရေကျော်များပျက်စီးခြင်းများ ဖြစ်ပေါ်နေပြီး ခြောက်တန်အထက် ကားကြီးများ သွားလာနေ၍ လမ်းပိုမို ပျက်စီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလမ်းပိုင်းများ ပျက်စီးရခြင်းကြောင့် ဒေသခံများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များတွင်  နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရပြီး   ကုန်စည်စီးဆင်းမှုတွင်လည်း အခက်အခဲများ ကြုံတွေ့နေရသဖြင့် အဆိုပါ လမ်းပိုင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

Read 39 times
Rate this item
(0 votes)
Last modified on Thursday, 04 January 2018 09:44

Latest from ကေတု