SJ WorldNews - шаблон joomla Авто

ဓမ္မာရုံကျောင်းဆောင် ဆက်လက်ဆောက်လုပ်ရန် အလှူရှင်များလိုအပ်

Sunday, 07 January 2018 10:57 Written by  font size decrease font size decrease font size increase font size increase font size

မြိတ် ဇန်နဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု ပနိုကျေးရွာ သာသနာ့ကာရီ ဘုန်းတော်ကြီး ကျောင်းတိုက်ဝင်းအတွင်း၌ ဆောက်လုပ်လျက်ရှိသော ဓမ္မာရုံကျောင်းဆောင် ဆက်လက်ဆောက်လုပ်နိုင်ရန် အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။ သာသနာ့ကာရီ ကျောင်းတိုက်ဝင်းအတွင်း ယခု ဆောက်လုပ်လျက်ရှိသော ဓမ္မာရုံကျောင်းဆောင်သစ် အဆောက်အအုံကိုသာသနာ ပြုကျောင်းထိုင်ဆရာတော် အရှင်ဝိလာသ၏ မတည်အလှူငွေ၊ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ၏ အလှူငွေများဖြင့် ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် ဓမ္မာရုံကျောင်းဆောင် အဆောက်အအုံမှာအာစီအကြမ်း ထည်သာဆောက်လုပ်ထားနိုင်ပြီး ဆက်လက်ဆောက်လုပ်နိုင်ရန် အခက်အခဲရှိနေသဖြင့် အလှူရှင်များ ထပ်မံလိုအပ်နေသည်။ အဆိုပါ ကျောင်းဝင်းအတွင်းတွင် ဆရာတော်နှင့် ဦးပဉ္စင်းကိုရင်များ သီတင်းသုံးနေထိုင်သော ကျောင်းဆောင် အဆောက်အအုံ တစ်ခုသာရှိပြီး ဝါတွင်းကာလများနှင့် အလှူပွဲများကျင်းပရာတွင် ရဟန်းသံဃာတော်များနှင့် ဧည့်သည်များအတွက် နေရာထိုင်ခင်းကျဉ်းမြောင်းကာ အခက်အခဲရှိခြင်းကြောင့် အဆောက်အအုံ သစ်ထပ်မံဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 291 times
Rate this item
(0 votes)
Last modified on Friday, 08 June 2018 14:35