SJ WorldNews - шаблон joomla Авто

မီးပွိုင့်အောက်တွင် ရောင်းချနေသော ဈေးသည်များကြောင့် ယာဉ်နှင့် ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲဖြစ်နေ

Saturday, 20 January 2018 10:59 Written by  font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် မီးခွက်ဈေးလမ်းဆုံ မီးပွိုင့်အောက်၌ ရောင်းချနေသော သစ်သီးဈေးသည်များကြောင့် မီးခွက်ဈေးအောက်ထိပ် ရန်ကုန်-ပုသိမ်ကားလမ်းသို့   ယာဉ်များဖြတ်သန်း သွားလာ၍ မရတော့သည့်အပြင် ခရီးသွားပြည်သူများ သွားလာရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာတွင် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် စက်မှုဇုန်မီးပွိုင့်၊ အဆင့်မြင့်၊ ဗိုလ်ချုပ်၊ မီးခွက်ဈေးအောက်ထိပ်၊ ဘီအိုစီလမ်းဆုံ၊ သမကုန်းလမ်းဆုံ၊ မီးခွက်ဈေးလမ်းဆုံနှင့် ရုံးထိပ်လမ်းဆုံတို့၌ မီးပွိုင့်များကို တပ်ဆင်အသုံးပြုလျက်ရှိရာ မီးခွက်ဈေးလမ်းဆုံမီးပွိုင့် တစ်ခုတည်းသာ မီးပွိုင့်အောက်တွင် ဈေးသည်များ ဈေးရောင်း ချနေမှုကြောင့်  လူနှင့်ယာဉ်များ သွားလာရေး နေ့စဉ်အခက်အခဲများ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့်   လမ်းဆုံမီးပွိုင့်အောက်ရှိ ဈေးသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ပေးရန် လိုလားလျက် ရှိကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။ 

Read 366 times
Rate this item
(0 votes)
Last modified on Friday, 08 June 2018 14:34