SJ WorldNews - шаблон joomla Авто

ဒလအဝေးပြေး ကားဝင်း အတွင်း၌ သန့်စင်ခန်းနှင့် ရေမြောင်း ပြုလုပ် ပေးစေလို

Wednesday, 21 February 2018 09:44 Written by  font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ အဝေးပြေး ကားဝင်းသို့ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ခရီးသည်တင်ယာဉ် အမျိုးမျိုး နေ့စဉ်မော်တော်ယာဉ် အစီးရေ ငါးရာခန့်မှ ခရီးသည်ဦးရေ နှစ် သောင်းဝန်းကျင်မှာ ဝင်ထွက်သွားလာလျက် ရှိပါသည်။ အဆိုပါ ကားဝင်းသို့ ခရီးသည်များ ဝင်ထွက်သွားလာ လျက်ရှိသော်လည်း ကားဝင်းအတွင်း၌ သန့်စင်ခန်းနှင့် အညစ်အကြေးများ စီးဆင်းသွားလာနိုင်သည့် ရေ မြောင်းများ ပြုလုပ်ထားခြင်း မရှိသောကြောင့် ကားဝင်း၏ နောက်ဘက်တွင် အများပြည်သူ အားထားအသုံး ပြုနေသည့် ရေကန်တည်ရှိရာ ရေကန်နှင့် ကားဝင်းအစပ်၌ အညစ်အကြေးများနှင့် အမှိုက်များ စွန့်ပစ် ထားပါသည်။ ထိုသို့စွန့်ပစ်ထားခြင်းကြောင့် သုံးရေကန်၏ သန့်ရှင်းမှုကို ထိခိုက်စေပြီး ခရီးသည်များမှာလည်း ညစ်ညမ်းသည့် အနံ့အသက်များ နေ့စဉ်ရှူရှိုက် သွားလာနေရ၍ ကျန်းမာရေး ထိခိုက်စေပါသည်။

သို့ဖြစ်ပါ၍ ဒလမြို့ အဝေးပြေး ကားဝင်းအတွင်း၌ သန့်စင်ခန်းနှင့် အညစ်အကြေး စီးဆင်းနိုင်ရေး ရေမြောင်း များပြုလုပ်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။

Read 113 times
Rate this item
(0 votes)
Last modified on Wednesday, 21 February 2018 12:04