SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သက်တမ်းကြာမြင့်ပြီး အောက်ခြေ ဆွေးမြည့်နေသော ဓာတ်တိုင်များကို ပြုပြင်ပေးစေလို

Monday, 26 March 2018 11:33 Written by  font size decrease font size decrease font size increase font size increase font size

ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ မြို့မရပ်ကွက် မြို့ပတ်လမ်းနှင့် ရတနာဝင်း လမ်းဆုံထောင့်တွင်ရှိသော ဓာတ်တိုင်သည် နှစ်ပေါင်းကြာမြင့်နေပြီ ဖြစ်သောကြောင့် သံချေးတက် ၍ အောက်ခြေ ဆွေးမြည့်နေပြီး သစ်ပင်များလည်း ဖုံးအုပ်နေပါသည်။ အဆိုပါ ဓာတ်တိုင်ဆွေးမြည့်နေမှုကြောင့် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများ လျှပ်စစ်အန္တရာယ် စိုးရိမ်ေ နရပါသည်။ အလားတူ မြို့ပတ်လမ်းရှိ ဓာတ်တိုင်များမှာလည်း ယိုင်နဲ့နေသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွန်ကရစ် ဓာတ်တိုင်များဖြင့် အစားထိုး လဲလှယ်ပြုပြင် ပေးပါရန် မြဝတီ သတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာကဏ္ဍမှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။

Read 619 times
Rate this item
(0 votes)
Last modified on Monday, 26 March 2018 12:35