SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး ကားလမ်းမကြီး၏ ပျက်စီးနေသော နေရာများကို ပြုပြင်ပေးစေလို

Sunday, 12 August 2018 11:38 Written by  font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် မန္တလေး-လားရှိုး လမ်းမကြီး ညံတောဈေးလေးမီးပွိုင့်၏ အရှေ့ဘက်မှ စံပြထမင်းဆိုင်(သီရိပဒေသာ ကားကြီးဝင်း)အနီးအထိ လမ်းတစ်လျှောက်မှာ ချိုင့်ခွက် များဖြစ်ပေါ်၍ လမ်းများပျက်စီး နေပါသည်။

အဆိုပါ လမ်းပျက်စီးနေမှုကြောင့် လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များမှာ လမ်းချိုင့်ခွက်များကို ရှောင်ကွင်း မောင်းနှင်နေရသဖြင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါလမ်းပျက်စီးနေမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ပြုပြင်ပေးပါရန် မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေး တင်ပြလိုက်ရပါသည်။

လမ်းအသုံးပြုသူများ

Read 64 times
Rate this item
(0 votes)
Last modified on Sunday, 12 August 2018 11:39

Latest from ကေတု