SJ WorldNews - шаблон joomla Авто

ကနီမြို့ ရေဝါချောင်းကူးတံတားရှိ ပြုတ်ထွက်လုနီးပါးဖြစ်နေသော တံတားပေါင်အဆက်များ ချိတ်ဆက်ထားသည့် နေရာများကို ပြုပြင်ပေးစေလို

Friday, 30 November 2018 12:21 Written by  font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်ရှိ ရေဝါချောင်းကူးတံတားရှိ တံတားပေါင် အဆက်များကို ချိတ်ဆက်ထားသော နေရာများမှာ ပြုတ်ထွက်လုနီးပါး ဖြစ်နေပါသည်။

အဆိုပါ တံတားမှာ ကနီမြို့နှင့် တဇယ်ချောင် ကျေးရွာအုပ်စု ရှမ်းမြောင်းကျေးရွာတို့ကို ဆက်သွယ်ထားသော တံတားဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁ ရက်က စတင်ဆောက်လုပ်ကာ ၂ဝ၁၆ ခုနှစ် မတ် ၁၃ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။

ထိုသို့ ရေဝါချောင်းကူး တံတားပေါင် အဆက်များကို ချိတ်ဆက်ထားသော နေရာများ ပြုတ် ထွက်လုနီးပါးဖြစ်နေသောကြောင့် တံတားပေါ်မှ ဖြတ်မောင်းသော မော်တော်ယာဉ်များ အတွက် မလိုလားအပ်သော အန္တရာယ်များ ဖြစ်ပေါ်လာစေ နိုင်ပါသည်။

သို့ဖြစ်ပါ၍ တံတားပေါင်အဆက်များ ချိတ်ဆက်ထားသော နေရာများ ပြုတ်ထွက် လုနီးပါးဖြစ် နေခြင်းကို ပြုပြင်ပေးရန်နှင့် တံတား၏ သတ်မှတ်ခံနိုင်ဝန်ထက်ကျော်လွန် မောင်းနှင်သော မော်တော် ယာဉ်များကို စိစစ်ကြပ်မတ်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြဝတီ သတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေးတင်ပြ အပ်ပါသည်။

 လမ်းအသုံးပြုသူတစ်ဦး

Read 10 times
Rate this item
(0 votes)
Last modified on Friday, 30 November 2018 12:22