SJ WorldNews - шаблон joomla Авто
ပေးစာကဏ္ဍ

ပေးစာကဏ္ဍ (31)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စန္ဒဝတ် ကျေးရွာအုပ်စု ရွှေပေးကျေးရွာ မြို့ပတ်(၂)ရှိ ကွန်ကရစ် လမ်းကြမ်းခင်းမှာ ပေါက်ပြဲပျက်စီး နေပါသည်။ ထိုသို့ပျက်စီးနေသောကြောင့် အဆိုပါ တံတားကို အသုံးပြု၍ သွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ နှင့် ဒေသခံပြည်သူများမှာ သွားလာရာတွင် မလိုလားအပ်သော အန္တရာယ်များ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရပါသည်။

သို့ဖြစ်ပါ၍ ပျက်စီးနေသော တံတားအခင်းကို အမြန်ဆုံး ပြုပြင်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာပြုပြင်စရာကဏ္ဍ မှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။

လမ်းအသုံးပြုသူများ

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ပေါ် ရပ်ကွက် လမ်းမတော်လမ်းနှင့် ရတနာလမ်းဆုံ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စီးမော် အာစီကွန်ကရစ် တံတားအနီး လျှစ်စစ်ဓာတ်တိုင် အဟောင်းမှ လျှစ်စစ်ဓာတ်ကြိုး ပေါက်ပြဲနေမှုကြောင့် အနီးဝန်းကျင်မှ ဖြတ်သန်းသွားလာ ကြသူများအတွက် မလိုလားအပ်သော လျှပ်စစ်အန္တရာယ်များ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း သြဂုတ် ၁၂ ရက်နေ့ထုတ် မြဝတီ သတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍ၌ ဖော်ပြခဲ့ပါသည်။

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့ အမှတ် ၇ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ဝေဘာဂီ ကွန်ကရစ် တံတားခြေရင်းတွင် မြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှိုက်မပစ်ရ ဟူသော ဆိုင်းဘုတ်စိုက်ထူကာ တားမြစ်ထားသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ကြသည်။

Page 3 of 3