SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ငလိုက်ချောင်းတစ်လျှောက် ပူးပေါင်းဆယ်တင် သန့်ရှင်းရေး ပြုလုပ်ခြင်းဆောင်ရွက်

Monday, 14 May 2018 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၃

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့အတွင်း ဖြတ်သန်းစီးဆင်းလျက် ရှိသည့် ငလိုက်ချောင်းအား ပူးပေါင်းဆယ်တင် သန့်ရှင်းရေး ပြုလုပ်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။ အဆိုပါ ငလိုက်ချောင်းတစ်လျှောက် ဆယ်တင်ခြင်း လုပ်ငန်းကို ပျဉ်းမနားမြို့မှ မျှဝေသောလက်များ ပရဟိတ အသင်းက ဦးဆောင်၍ မြို့သူ၊ မြို့သားများပူးပေါင်းကာ ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မျှဝေသော လက်များပရဟိတ အသင်းဥက္ကဋ္ဌ ဒေါက်တာ ပေါ်မြင့်ဦး၏ ပြောကြားချက်အရ သိရသည်။ ''လူဦးရေ တိုးပွားလာတာနဲ့အမျှ စွန့်ပစ် ပစ္စည်းတွေ စွန့်ပစ်မှုဟာလည်း များလာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီချောင်းတစ်လျှောက်မှာ ရှိတဲ့ ဒေသခံ ပြည်သူတွေ အနေနဲ့ သန့်ရှင်းတဲ့ ချောင်းရေကို အသုံးပြုနိုင်ဖို့ရယ်၊ နောက်ပြီး အခုလို စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခြင်းတွေကြောင့် နောက်နောင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်တဲ့ အလေ့အကျင့်တွေကိုလည်း လျော့နည်းသွားမယ်လို့ ယုံကြည်ပြီး အခုလို အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု မျှဝေသောလက်များ ပရဟိတ အသင်းဥက္ကဋ္ဌ ကပြောသည်။ ယခုကဲ့သို့ ဆယ်တင်မှု လုပ်ဆောင်ခြင်းကြောင့် ငလိုက်ချောင်း ရေစီးရေလာ ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ် ရေနည်းချိန်များတွင်လည်း ယခုကဲ့သို့ ဆယ်တင်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ချောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးကို ပျဉ်းမနားမြို့ ပရဟိတ အသင်းအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ မြို့နေပြည်သူများနှင့် ပျဉ်းမနားမြို့မှ တာဝန်ရှိသူများ ပါဝင်၍ စုစုပေါင်းအင်အား ၈ဝဝ ခန့်ဖြင့် ဆောင်ရွက်ကြကြောင်း သိရသည်။

Read 405 times Last modified on Thursday, 23 May 2019 12:51