SJ WorldNews - шаблон joomla Авто

KNU/KNLA(PC) အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဗိုလ်ကြီး အဆင့်ရှိ စောမျိုးကျော် ဦးစီးအင်အား ၁၃ ဦးလက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်၍ ဥပဒေဘောင်အတွင်း ၀င်ရောက်

Friday, 10 August 2018 21:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၀

 

KNU/KNLA(PC)အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဇူလိုင် ၁၈ ရက်တွင် ဥပဒေ ဘောင်အတွင်းသို့ ၀င်ရောက်ခဲ့သော ဒုတိယတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင် ဦးစီးအဖွဲ့မှ တပ်ခွဲမှူး အဆင့်ရှိ စောမျိုးကျော်(ဘ) ဦးကံမြင့်ဦးစီး အင်အား ၁၃ ဦးတို့သည် သာမန်ပြည်သူဘ၀ဖြင့် အေးချမ်းစွာနေထိုင်လိုခြင်း၊ မိသားစုဘ၀ တိုးတက်ရေးအတွက် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်လိုခြင်းတို့ကြောင့် ယနေ့နံနက်၁၀ နာရီခန့်တွင် ဘားအံမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ ၎င်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်း ဆက်စပ် ပစ္စည်းများနှင့် အတူ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်၍ ဥပဒေဘောင် အတွင်းသို့ ထပ်မံ ၀င်ရောက်ခဲ့သည်။

 

ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် ဗိုလ်ကြီး အဆင့်ရှိ စောမျိုးကျော် ဦးစီးအဖွဲ့အား ဘားအံမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် မြင့်ကျော်ထွန်းတို့က နွေးထွေးစွာကြိုဆို၍ အမှာစကားပြောကြားပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လက်ခံခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ သည်။

 

အဆိုပါ ဥပဒေဘောင် အတွင်းဝင်ရောက်လာသည့် KNU/KNLA(PC) အဖွဲ့ဝင်များအား လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Saturday, 11 August 2018 08:36