SJ WorldNews - шаблон joomla Авто

မသင်္ကာဖွယ်ရာ ဆိုင်ကယ်အား ရပ်တန့်စေရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်

Tuesday, 07 November 2017 20:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ နိုဝင်ဘာ ၇

ဖားကန့်မြို့နယ်အတွင်းရှိ အောင်ရာကျေးရွာ၊ ကုဋေကျေးရွာနှင့် ကထန်ကျေးရွာများရှိ လမ်းဆုံနေရာများ၌ ရေမဆေး ကျောက်ရှာဖွေသူများ၏ တရားမ၀င် တုတ်၊ ဓါး၊ လက်နက် ကိုင်ဆောင်မှုများအား စစ်ဆေးသိမ်းဆည်းရန်၊ မူးယစ်ဆေးဝါးများ ရှာဖွေရေးနှင့် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဝင်များ ဖမ်းဆီးရမိရေအတွက် တပ်မတော်စစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ် လျက်ရှိသည်။

ထို့သို့ စစ်ဆေးမှုများ ပြုလုပ်စဉ် နိုဝင်ဘာ ၃ ရက် ည ၆ နာရီခွဲခန့်တွင် အောင်ရာကျေးရွာအနီးရှိ စစ်ဆေးရေး နေရာ၌ ဆိုင်ကယ် ၁ စီးသည် စစ်ဆေးမှု ခံယူခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားခဲ့ရာ လုံခြုံရေး ဆောင်ရွက်နေ သည့် စစ်သည် နှစ်ဦးမှ အော်ဟစ်တားဆီးသော်လည်း ရပ်တန့်မှုမရှိဘဲ မျက်နှာချင်းဆိုင်မှလာသည့် ဆိုင်ကယ် တစ်စီးအား တိုက်၍ ဆက်လက် ထွက်ပြေးသွားသဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ဆက်စပ်၍ ဖားကန့်မြို့နယ်၊ လုံးခင်းပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီတွင် လက်နက်ငယ် ထိမှန်ဒဏ်ရာဖြင့် လူနာ နှစ်ဦး ဆေးကုသမှု ခံယူနေကြောင်း သိရှိရသဖြင့် သွားရောက် စစ်ဆေး ခဲ့ရာ မောင်စောထူး ၂၈ နှစ်(ဘ) ဦးစောမူဆေးနှင့် မောင်သန်းဇော်ဦး ၂၄ နှစ်(ဘ) ဦးစံဦး တို့နှစ်ဦးမှ လက်နက်ငယ် ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)များဖြင့် ဆေးကုသမှုခံယူနေပြီး စစ်ဆေးမေးမြန်းချက်များအရ ၄င်းတို့ နှစ်ဦးမှာ လုံခြုံရေးအဖွဲ့မှ ခြောက်လှန့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသူများဖြစ်ကြောင်း သိရှိရသဖြင့် စစ်ဆေးမှု ခံယူခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေး သွားရခြင်းနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 9 times Last modified on Tuesday, 07 November 2017 20:42