SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကို တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိ

Friday, 10 November 2017 15:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာနေ မောင်အောင်ခမ်းသည် နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီခွဲခန့် တွင် ပယင်းတူးဖော်ရန် မိုင်ခွန်ပယင်းမှော်မှ ထွက်ခွာလာစဉ် မိုင်ခွန်ကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့် အကွာသို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကို တိုက်မိ ပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား တနိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။

Read 475 times Last modified on Friday, 08 June 2018 14:31