SJ WorldNews - шаблон joomla Авто

နေပြည်တော်   သြဂုတ်  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မော်တောင်းကျေးရွာ အနီးတွင် ယနေ့ နံနက် ၁ဝ နာရီခန့်၌ မသင်္ကာဖွယ် အရာဝတ္ထု တစ်ခုတွေ့ရှိကြောင်း မူဆယ်သစ်တော ဦးစီးဌာနမှ တောခေါင်း ဦးမျိုးမှ နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော တပ်မတော် စစ်ကြောင်းအား လာရောက် သတင်းပေးသဖြင့် သွားရောက် ရှင်း လင်းရာ လားရှိုး-မူဆယ်ကားလမ်းမကြီး မိုင်တိုင်အမှတ်၊ ၂၇၃/၁ ၏ ညာဘက်ခြမ်း ၁၅ ပေခန့်အကွာ ချုံအတွင်း၌ အလျား ၆ လက်မ၊ အနံ ၃ ဒသမ ၅ လက်မ၊ အမြင့် ၅ ဒသမ ၅ လက်မခန့်ရှိ အစိမ်းရောင် ဟန်းကောဖြင့် ပြုလုပ်ထားသော ဒေသန္တရ ရှေ့ထွက်မိုင်း တစ်လုံးအား တွေ့ရှိခဲ့သည်။

Page 2 of 2