SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စိုက်ပျိုးရေး ဦးစီးဌာန သီးနှံ ကာကွယ်ရေး ဌာနခွဲ၏ သီးနှံစိုက်ပျိုး ထုတ်လုပ် နည်းပညာများ ရှင်းလင်း ဆွေးနွေး

Thursday, 03 August 2017 15:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂

စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲမှ လွှင့်တင်ထားသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ Mobile Application (PP Version 1.0) နှင့်ပတ်သက်၍ သုံးစွဲနည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာ ဧက ၃ဝဝ မျိုးစေ့ထုတ်စိုက်ခင်း ရှေ့တန်းစခန်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်တိုင်း သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မြမြလွင်က ရှင်း လင်းဆွေးနွေးရာတွင် အဆိုပါ နည်းပညာတွင် သီးနှံ ၂၅ မျိုး၊ အင်းဆက်ပိုးမွှား ၁၈၇ မျိုး၊ ရောဂါ ၁၃၇ မျိုး၊ လယ်ယာ အမျိုး ၃ဝ၊ ကြွက် Rodent ၁၂ မျိုး၊ ရွှေခရုတစ်မျိုး၊ ဘက်စုံကာကွယ် နှိမ်နင်းနည်းလမ်းများ၊ ပိုးသတ်ဆေးနှင့် ပတ် သက်သော အချက်အလက်များ ပါဝင်သည့် အကြောင်းအရာများကို နေပြည်တော်ရှိ စိုက်ပျိုးရေး ဝန်ထမ်းများ၊ တောင်သူများအား ရှင်းလင်းပြောကြားပြီး မိမိကိုယ်တိုင် ကာကွယ်နှိမ်နင်း နည်းလမ်းများကို သိရှိပြီး တရားဝင် မှတ်ပုံတင် ထားသော ပိုးသတ်ဆေးများကို မှန်ကန်စွာ ရွေးချယ်အသုံးပြုစေနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် ပိုးမွှားများအား  ဘက်စုံ ကာကွယ်ရေး နည်းလမ်းများ သိရှိ၍ ဓာတ်ကြွင်းပါဝင်မှုနည်းသော သီးနှံများကို စိုက်ပျိုးထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

တရားဝင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကို သိရှိပြီး ဥပဒေနှင့်အညီ ရောင်းဝယ်ဖောက်ကားနိုင်၍ တောင်သူများ၏ လိုအပ်ချက်ကို မှန်ကန်စွာ ရောင်းချပေးနိုင်ရန် နေပြည်တော်ရှိ ပိုးသတ်ဆေး အရောင်းဆိုင်များနှင့် ကျန်ရှိ သောမြို့နယ်တို့ရှိ တောင်သူများသို့ နည်းပညာပေး ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Read 503 times Last modified on Friday, 04 August 2017 13:22