SJ WorldNews - шаблон joomla Авто

ကန့်ဘလူမြို့နယ်ရှိ ကြက်မွေးမြူရေး ဇုန်များ စစ်ဆေး

Thursday, 03 August 2017 15:52 font size decrease font size decrease font size increase font size increase font size

ကန့်ဘလူ  သြဂုတ်  ၂

ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဝင်းနှင့် ဒုတိယ ဦးစီးမှူးများ၊ မြို့နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါက်တာ မျိုးမင်းသန်းနှင့်  မြို့မ ကြက်မွေးမြူရေးဇုန် ကော်မတီဝင်များ အဖွဲ့သည် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ကြက်မွေးမြူရေး ဇုန်နှင့်မြို့မ ဥစားကြက်မွေးမြူရေးဇုန် အတွင်းရှိ ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် အဆိုပါကြက်ခြံများ၌ ကြက်သေပျောက်မှု မရှိကြောင်းနှင့် ကြက်ငှက်တုပ်ကွေး ကြိုတင်ကာ ကွယ်မှု အနေဖြင့် ဇီဝလုံခြုံမှု တိုးမြှင့်ဆောင်ရွက်ကြရန်၊ ကြက်ခြံများအား ခြံဖျန်းပိုးသတ်ဆေး တစ်ပတ်လျှင် နှစ်ကြိမ် ဆောင်ရွက်ကြရန်၊ ကြက်ငှက်တုပ်ကွေးရောဂါ အေ ကြာင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့် ပြန့် အသိပညာပေး ဟောပြောပြီး ကြက်သေဆုံးမှုမှ သင်္ကာမကင်းခြင်းများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ အကြောင်းကြားပေးပါရန် မှာကြားသည်။

ကန့်ဘလူမြို့မ ဥစားကြက်မွေးမြူရေးဇုန်တွင် ကြက်မွေးမြူသူ ၇၈ ဦး၊ ကြက်ခြံ ၁၅၇ ခြံ၊ကြက်ကောင်ရေ ၉ဝ၆ဝဝ မွေးမြူထားကြောင်းနှင့်  ကန့်ဘလူမြို့နယ်  ဇီးကုန်းမြို့ ကြက်မွေးမြူရေးဇုန်တွင် ကြက်မွေးမြူသူ ၅၈ ဦး၊ ကြက်ခြံ ၆၉ ခြံ၊ ကြက်ကောင်ရေ ၆၄၃၅ဝ မွေးမြူထားကြောင်း  မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကြက်မွေးမြူရေးဇုန်များတွင် ဇီဝလုံခြုံရေးအရ ကြက်မွေးမြူရေးဇုန်အား ဝင်ပေါက် တစ်ပေါက်တည်းထားပြီး သံပန်းတံခါး တပ်ဆင်ထားရန်နှင့် ဥစားကြက်မွေးမြူရေးမှအပ အခြားတိရစ္ဆာန်များ မွေးမြူခြင်းမပြုရန် ထုတ်ပြန်ကြေ ညာထားကြောင်း သိရသည်။

Read 399 times Last modified on Friday, 04 August 2017 13:22