SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ မိုးရာသီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မိုးစပါး ၄၃၇၃၉၄ ဧက စိုက်ပျိုးသွားမည်

Thursday, 03 August 2017 15:58 font size decrease font size decrease font size increase font size increase font size

လားရှိုး သြဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မိုးရာသီ၌ စပါး ၄၃၇၃၉၄ ဧကစိုက်ပျိုးရန် လျာထားပြီး လျာထား ဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးရုံး (လားရှိုး)မှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်နှင့် မက်မန်း ခရိုင်ရှိမြို့နယ်တို့နှင့် ကျန်'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဒေသခံတောင်သူများက မိုးရာသီသီးနှံများ စိုက်ပျိုးကြရာ လယ်စပါး၊ တောင်ယာစပါးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။

ထို့ပြင် အခြားသီးနှံများ ဖြစ်သော မုန်လာဥ၊ မုန်ညင်း၊ တိုင်ထောင်ပဲ၊ ဖရုံ၊ သခွား၊ ငရုတ်၊ ခရမ်းချဉ်စသော ရာသီပေါ်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ မိုးရာသီတွင် လယ်စပါးနှင့် တောင်ယာစပါးများကို စိုက်ပျိုးကြရာတွင် သိပ္ပံ နည်းကျစိုက်ပျိုးရသော အထွက်တိုးမျိုးစပါးများ၊ ဒေသစ ပါးမျိုးများ စိုက်ပျိုးကြပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ လမ်းညွှန် သတ်မှတ်သော စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိရာ မိုးလေဝသကောင်းမွန်ပါက စပါးအထွက်နှုန်းကောင်းမွန် ကြောင်း သိရသည်။ ''ကျွန်တော်တို့ စိုက်ပျိုးရေး လုပ်တဲ့အခါ အရင်ကတော့ ကျွဲ၊ နွားတွေနဲ့ ထွန်ယက် စိုက်ကြတယ်။ အခုတော့ လက်တွန်းထွန်စက်တွေကိုပဲ အသုံးပြုလာသူတွေ များလာတယ်။ စပါးပျိုးထောင်တာ၊ ထယ်ရေးခံတာ၊ သမန်းကြေအောင် ထွန်ရတာတွေ၊ စိုက်ပျိုးစနစ်နဲ့ ဓာတ်မြေသြဇာ ကျွေးတာတွေကို ကျွမ်းကျင်တဲ့ စိုက်ပျိုးရေးဌာနက လမ်းညွှန်တဲ့အတိုင်း စိုက်ပျိုးကြပါတယ်။ အထွက်လည်း ကောင်းပါတယ်။လယ်စပါးကိုတော့ ပြန်ရောင်းတဲ့ သူများတယ်။တောင်ယာစပါးကို မိသားစုတွေက အဓိကထားစားကြလို့ မရောင်းကြ ဘူး''ဟု လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။

Read 287 times Last modified on Friday, 04 August 2017 13:24