SJ WorldNews - шаблон joomla Авто

ချင်းပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ယနေ့မှစ၍ ဖမ်းဆီးမည်

Wednesday, 16 August 2017 12:10 font size decrease font size decrease font size increase font size increase font size

ဖလမ်း သြဂုတ် ၁၅

ချင်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်များကို ယနေ့မှစတင်ကာ ရွေ့လျားစနစ်ဖြင့် စစ်ဆေးဖမ်းဆီးမည်ဖြစ်ပြီး တွေ့ရှိပါက မော်တော်ယာဉ် ဥပဒေ၊ ပို့ကုန်/သွင်းကုန် ဥပဒေ-၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း ရေးကော်မတီမှ သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးမည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်အလိုက် လူစည်ကားသည့် နေရာ၊ မြင်သာသည့်နေရာ များတွင်   သတိပေးစာကြော်ငြာများကို လိုက်လံ ကပ်ပေးထားကြောင်း၊   လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ဆိုင်ကယ်များမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားပါက ပိုင်ရှင်များမှာ ထွက်ပြေးတိမ်းရှောင်ကြသည့် အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိ လိုက်နာရေးအတွက် ယခုကဲ့သို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Read 408 times Last modified on Wednesday, 16 August 2017 12:11