SJ WorldNews - шаблон joomla Авто

ချင်းပြည်နယ် အတွင်း ကျေးရွာ အခြေပြု ခရီးသွား လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်မည်

Wednesday, 16 August 2017 12:18 font size decrease font size decrease font size increase font size increase font size

ဟားခါး သြဂုတ် ၁၅

ချင်းပြည်နယ်အတွင်း ၂ဝ၁၆ ခုနှစ် ပွင့်လင်းရာသီ ကာလမှစတင် ဆောင်ရွက်ခဲ့သော သဘာဝအခြေခံ ခရီးစဉ်ဒေသများ အဖြစ် တီးတိန်၊ ဖလမ်း၊   ကန်ပက်လက်မြို့နယ် အတွင်း ကျေးရွာအခြေပြုခရီးသွား လုပ်ငန်းများကို လာမည့်ပွင့်လင်းရာသီတွင် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ခရီးသွားလုပ်ငန်း အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့မှုကြောင့် အခုလာမယ့် ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားရာသီမှာဆိုရင် ချင်းပြည်နယ် အထင်ကရ၊ အမှတ်တရနေရာဖြစ်တဲ့ သဘာဝတောတောင်တွေကို ခံစား အပန်းဖြေနိုင်တဲ့ နေရာတွေအပြင် ကျေးလက်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရိုးရာအစားအစာတွေ၊ရိုးရာလက်မှု အနုပညာထုတ်ကုန်တွေ၊ လူနေမှုစနစ်နဲ့ မိရိုးဖလာနေထိုင်မှုတွေကို လေ့လာနိုင်ဖို့ အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာပါ။ အဲဒီရာသီမှာ အဓိကက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့လိုအပ်ပါမယ်''  ဟုပြည်နယ်အစိုးရအဖွဲ့ရုံးမှ    တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်သည် အခြားသောခရီးစဉ် ဒေသများနှင့်မတူသော ထူးခြားသည့် သဘာဝအလှအပများ ပိုင်ဆိုင်ထားပြီး ပျှမ်းမျှအမြင့်ပေ ၅ဝဝဝ နှင့် ၈ဝဝဝ ကြားရှိ တောင်တန်းများဖြင့် ဖွဲ့စည်းထားသည့် တောင်တန်းဒေသတစ်ခု ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

ထို့ပြင် ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန်များ၊ သဘာဝရေကန်များ၊ လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များအပြင် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်ပုံများကိုပါ  လေ့လာနိုင်သော ဒေသဖြစ်သည့်အတွက် အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်နိုင် သည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် နိုင်ငံတော်က ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 400 times Last modified on Wednesday, 16 August 2017 12:19