SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မံစီမြို့နယ်၌ ဝါးအခြေခံ ရက်လုပ်နည်း သင်တန်း ဖွင့်လှစ်

Wednesday, 16 August 2017 12:20 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအ တွက်မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ရက်လုပ်နည်း သင်တန်းကို ယမန်နေ့ နံနက် ၁ဝ နာရီက နမ့်မဖွဲကျေးရွာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချ မည့်အစီအစဉ်များကို ရှင်းလ င်းပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသော တာဝန်ရှိသူများက သင် ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ ပေးအပ်သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၁၅ ဦး တက်ရောကကြပြီး သင်တန်းကာလမှာ သြဂုတ် ၁၄ ရက်မှ ၂၈ ရက်အ ထိဖြစ်ကြောင်း သိရသည်။

Read 336 times Last modified on Wednesday, 16 August 2017 12:21