Print this page

နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်၍ စာအုပ်စာစောင်များ ငှားရမ်းပေး

Wednesday, 16 August 2017 12:21 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါတမငယ် အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း လုပ်ငန်း ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ဗဟုသုတရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာဖတ်ရှု ကြစေလိုကြောင်း ပြောကြား သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ကျောင်း သား၊ ကျောင်းသူများကို သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးကြောင်း သိရသည်။

Read 377 times Last modified on Wednesday, 16 August 2017 12:22