SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မောင်တောမြို့နယ်၌ နူရူလ္လာ ရွာသားတစ်ဦး အသတ်ခံရ

Thursday, 17 August 2017 08:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၆ 

မောင်တောမြို့နယ် တပ်ဦးချောင်း ကျေးရွာအုပ်စု နူရူလ္လာရွာသား တစ်ဦးအား ယမန်နေ့ နံနက်ပိုင်းက တစ်ရွာတည်းနေ သုံးဦးမှ ဓားဖြင့် ဝိုင်းခုတ်သဖြင့်  သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်ဦးချောင်း ကျေးရွာအုပ်စု နူရူလ္လာရွာနေ ဟာဂျီအီနုစ်သည် ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကွမ်းယာဆိုင်၌ ထိုင်နေစဉ် တစ်ရွာတည်းနေ အူမာရ်(ခ) မာဆောင်းအပါအဝင် သုံးဦးမှ ဓားဖြင့်ဝိုင်းခုတ်ရာ ညာရင်အုံနှင့် ဦးခေါင်း နောက်စေ့ပြတ်ရှ၊ ညာဝမ်းဗိုက်၊ ညာရင်အုံကြားနှင့် နောက်ကျောကုန်းတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး မောင်တော ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့သဖြင့် အူမာရ် (ခ) မာဆောင်း အပါအဝင် သုံးဦးအား ဖမ်းဆီးရမိနိုင်ရေး ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

Read 471 times Last modified on Thursday, 17 August 2017 08:54