SJ WorldNews - шаблон joomla Авто

ပျက်စီးနေသော ဇင်းဘာကျေးရွာ ကျောက်ခင်းလမ်း ပြုပြင်ပေးရန် ဒေသခံများ လိုလား

Thursday, 03 August 2017 16:02 font size decrease font size decrease font size increase font size increase font size

ကလိန်အောင်   သြဂုတ်   ၂

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အတွင်းရှိ ဇင်းဘာကျေးရွာ ကျောက်ခင်းလမ်းမှာ ယခုအခါ ဆိုးရွားစွာ ပျက်စီးနေခြင်းကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

''ဒီလမ်းကိုခင်းထားတာက ကိုးလလောက်ပဲ ရှိပါသေးတယ်။ လမ်းက ကျောက်နည်းပြီး မြေသားများနေတယ်။ ဒါကြောင့် လမ်းကပျက်စီးပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်နဲ့ ပြည်သူတွေပါ  သွားရေးလာရေး အခက်အခဲ ကြုံနေရတာပါ''ဟု ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ ကလိန်ေ အာင်မြို့ အတွင်းရှိ ဇင်းဘာကျေးရွာ ကျောက်ခင်းလမ်းကို သက် ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။

Read 458 times Last modified on Friday, 04 August 2017 13:24