SJ WorldNews - шаблон joomla Авто

အများသုံး ရေကန်အတွင်းသို့ ရေဆိုးရေညစ်များ ဝင်ရောက်နေမှုကို ရှင်းလင်းပေးရန် ဒေသခံများ လိုလား

Thursday, 17 August 2017 08:33 font size decrease font size decrease font size increase font size increase font size

ကြို့ပင်ကောက် သြဂုတ် ၁၆

ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက် ဝါဆိုရိပ်သာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ အများသုံး ရေကန်အတွင်းသို့ ရေစီးမြောင်းမှ တစ်ဆင့်ရေဆိုး ရေညစ်များ စီးဆင်း ဝင်ရောက်လျက် ရှိသဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးရန် ဒေသခံများ လိုလားလျက် ရှိသည်။

''အများသုံး ရေကန်ထဲကို အိမ်တွင်းမှု စားသောက်ကုန် လုပ်ငန်းတစ်ခုက ထွက်ရှိတဲ့ ရေဆိုးရေညစ် တွေက ရေမြောင်းကနေ တစ်ဆင့် စီးဆင်းလာတာပါ။ အများသုံး ရေကန်ဆိုတော့ ဒီလိုရေဆိုးတွေ စီးဆင်းနေရင် အသုံးပြုနေတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ရှင်းလင်းဆောင်ရွက် ပေးစေလိုပါတယ်''ဟု  ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ရေကန်အတွင်းမှ ရေကို ရွာမမြောက်ရပ်ကွက်၊ ပန်းတင်ရပ်ကွက်၊ ရွာမ တောင်ရပ်ကွက်နေ ပြည်သူများနှင့်  ဝါဆိုဘုန်းတော်ကြီး ကျောင်း၌ ဝါဆိုဝါကပ်တော် မူကြသော သံဃာတော်များ အသုံးပြုနေကြ သဖြင့် ရေကန်အတွင်းသို့ ရေဆိုးရေညစ်များ ကျရောက်မှုကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။

Read 380 times Last modified on Thursday, 17 August 2017 08:37