SJ WorldNews - шаблон joomla Авто

ယဉ်ကျေးမှုနှင့် အိမ်တွင်း အကြမ်းဖက်မှု စာတမ်းများ ဖတ်ပွဲကျင်းပ

Thursday, 17 August 2017 08:35 font size decrease font size decrease font size increase font size increase font size

သထုံ သြဂုတ် ၁၆

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ)၌ ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ကွန်ပျူတာ တက္ကသိုလ် (သထုံ)မှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ အမျိုးသမီးများ အတွက် ယဉ်ကျေးမှုနှင့် အိမ်တွင်း အကြမ်းဖက်မှု ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပသည်။

စာတမ်းဖတ်ပွဲတွင် သထုံခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးမြမြကြိုင်က အစဉ်အလာ ကြီးမားသည့် မြန်မာ့ယဉ်ကျေးမှု တန်ဖိုးများနှင့် ထိပါး ခြိမ်းခြောက်လာသည့် အန္တရာယ်များကို သတိပြု၊ သိရှိပြီး ကာကွယ် စောင့်ရှောက်ရန်နှင့် အမျိုးသမီးများ အနေဖြင့်  အိမ်တွင်း အကြမ်းဖက်မှု များနှင့် ပတ်သက်၍ ဥပဒေအရ အကာအကွယ် ပေးထားသည်တို့ကို သိရှိနိုင်ရန် စာတမ်းဖတ်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ စာတမ်းဖတ်ပွဲတွင် ကွန်ပျူတာ တက္ကသိုလ် (သထုံ)မှ လက်ထောက် ကထိက ဒေါ်ခင်မိုးဆမ်းက ''မြန်မာ အမျိုးသမီး များနှင့် ယဉ်ကျေးမှုရေးရာ'' စာတမ်းကိုလည်းကောင်း၊ သထုံခရိုင် ဥပဒေ အရာရှိ ဒေါ်မြင့်မြင့်သန်းက ''အိမ်တွင်း အကြမ်းဖက်မှုနှင့် ဥပဒေ အကာအကွယ်'' စာတမ်းကို လည်းကောင်း ဖတ်ကြားရှင်းလင်းသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ သထုံမြို့နယ် အတွင်းရှိ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကွန်ပျူတာ တက္ကသိုလ် (သထုံ)မှ ကျောင်းသူများ စုစုပေါင်း ၂ဝဝ ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။

Read 305 times Last modified on Thursday, 17 August 2017 08:37