SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သဘာဝဘေး ဆိုင်ရာ အရေးပေါ်ကြိုတင် သတိပေးစနစ် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်

Thursday, 17 August 2017 08:37 font size decrease font size decrease font size increase font size increase font size

ဖယ်ခုံ သြဂုတ် ၁၆

သဘာဝဘေး ဆိုင်ရာ အရေးပေါ် သတိပေး စနစ်များ ပိုမိုအားကောင်း လာစေရန်အတွက် ဆက်သွယ်ရေး ပစ္စည်းများဖြစ်သော Icom VHF ၁၇ လုံး၊ SSB နှစ်လုံးနှင့် ဆက်စပ် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုချို၊ Christian Aid မှ ဦးအောင်အောင်ကျော်၊ Dear Myanmar မှ ဦးသော်ဇင်ဟိန်းနှင့် RIMES မှ မစုစုမြင့် တို့က စက်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ရခြင်းနှင့်   ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းပြောကြားပြီး ဆက်စပ် ပစ္စည်းများကို လွှဲပြောင်းပေးအပ်သည်။

ဖယ်ခုံမြို့နှင့် အလှမ်းဝေးသော အနောက်ဘက် တောင်တန်းဒေသရှိ ကျေးရွာများဖြစ်သည့် နှုံတုံ၊ သာယု၊ ကဖု၊ သာအောက်၊ ကပလော့၊ နတ်ကြီးစခန်း၊ ခေါင်းကိန်၊ ဟန်ဖြူ၊ ဖူးလောင်၊ ရမ်းခူ၊ သဟိုက်တုံ၊ လုတ်ကူ၊ ဆီဆောင်၊ ပရေးပလို၊ ဝါသောခို စသည့်ကျေးရွာ ၁၅ ရွာ ပတ်ဝန်းကျင်တွင် သဘာဝဘေး ဆိုင်ရာ သတင်း အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ပေးပို့ဆက်သွယ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တောင်ကြီးမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ တစ်ဆင့် အလယ်ကယန်း ကျေးရွာအုပ်စု ဆီဘူးကျေးရွာနှင့် ကျေးရွာ ၁၅ ရွာဖြင့် ချိတ်ဆက်ကာ ကြိုတင် သတိပေး စနစ်များ ဆက်သွယ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Read 350 times Last modified on Thursday, 17 August 2017 08:41