SJ WorldNews - шаблон joomla Авто

စက်မှုအင်ဂျင်နီယာ အထူးပြု ဘာသာရပ် တက်ရောက်သင်ကြားပြီးသူများအား လုပ်ငန်းခွင်အတွင်း လက်တွေ့ ပြုလုပ်နိုင်ရန် စီစဉ်

Friday, 12 January 2018 12:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၁၁

စက်မှုလုပ်ငန်းကဏ္ဍ တိုးတက်စေရန် စက်မှုအင်ဂျင်နီယာ   အထူးပြုဘာသာရပ်ဖြင့် တက်ရောက်သင်ကြားပြီးသော  ကျောင်းသားများအား လုပ်ငန်းခွင်အတွင်း လက်တွေ့ ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းမှ  သိရသည်။

စက်မှုလုပ်ငန်းရှင်များ၏ အကျိုးစီးပွား တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင် လုပ်သားများရရှိရေး၊ အသေးစားနှင့် အလတ်စား စက်မှုကုန်ထုတ် လုပ်ငန်းများကို  အကူအညီ အထောက်အပံ့များ ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏  ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့်  စက်မှုကုန်ထုတ်လုပ်ငန်းများ စနစ်တကျ အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက် ဖြစ်ထွန်းစေရေးကို အောင်မြင်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်    အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများ၌   စက်မှုအင်ဂျင်နီယာ အထူးပြုဘာသာရပ်ဖြင့်    တက်ရောက် သင်ကြားပြီးသော   ကျောင်းသားများကို လုပ်ငန်းခွင်အတွင်း လက်တွေ့ပြုလုပ်နိုင်ရန်  စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ငန်းခွင် လက်တွေ့ဆင်းနိုင်ရေး၊ ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်းများတွင် လက်တွေ့ပြုလုပ်နိုင်ရေး  မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းအနေဖြင့် ဇန်နဝါရီ ၉ ရက်က  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊     ညီနောင်အသင်းများ၊ သက်ဆိုင်ရာအစိုးရနှင့်  ဌာနဆိုင်ရာ များသို့ အသိပေးထားကြောင်း  သိရသည်။

အဆိုပါကျောင်းသားများအား  လုပ်ငန်းခွင် လက်တွေ့ ဆင်းနိုင်ရေးအတွက်  ကူညီဆောင်ရွက်လိုပါက   လုပ်ငန်းရှင်များ အနေဖြင့်  မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း၌ဖြစ်စေ၊ [email protected].Com သို့ဖြစ်စေ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။      

Read 192 times Last modified on Friday, 12 January 2018 12:47