SJ WorldNews - шаблон joomla Авто

ဇမ္ဗူသီရိမြို့နယ်၌ မှုခင်းပညာပေး ယာဉ်ဖြင့် အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

Friday, 12 January 2018 12:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၁

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင် ဘောဂသိဒ္ဓိရပ်ကွက် အောင်နန်းမင်္ဂလာလမ်း ရေငန်းဆည်အနီးရှိ တဲစုများတွင် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထက်လွင်၏ စီစဉ်ညွှန်ကြားမှုဖြင့် မှုခင်းပညာပေးယာဉ်ဖြင့် မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃) နယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်မိုးထွန်းက လူသတ်မှု၊   အဓမ္မကြံစည်မှု၊  လုယက်မှု၊ မဖြစ်စေရေး ဟောပြောသည်။

ထို့ပြင် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ  ဒုတိယရဲအုပ်ဌေးလွင်နှင့် နေပြည်တော်ရဲတပ်ဖွဲ့မှ ဒုတိယတပ်ကြပ်ဇော်ဝင်း တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျလိုက်နာ ဆောင်ရွက်ရေး အသိပညာပေး ဟောပြောကာ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ရဲမေများက တက်ရောက်လာသူပြည်သူများအား   မှုခင်းပညာပေး လက်ကမ်းစာစောင်များ   ဖြန့်ဝေပေးသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘောဂသိဒ္ဓိရပ်ကွက်   အုပ်ချုပ်ရေးမှူး ဦးဝင်းကြည်နှင့် ရပ်မိရပ်ဖများက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။                 

Read 69 times Last modified on Friday, 12 January 2018 12:55