SJ WorldNews - шаблон joomla Авто

မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့်သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်

Friday, 12 January 2018 13:12 font size decrease font size decrease font size increase font size increase font size

မင်းဘူး  ဇန်နဝါရီ   ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့်   သရုပ်ပြလေ့ကျင့်မှုများကို  ယမန်နေ့ နံနက် ၁ဝ နာရီက  ဆောင်ရွက်သည်။

အခမ်းအနားတွင် အမှတ်(၃)အရန်တပ်ခွဲမှူး ဦးမောင်ဝင်းက ကျောင်းသား၊ ကျောင်းသူ များအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မိမိတို့အိမ်တွင်  မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်များအား    စနစ်တကျ ထားရှိရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး  ဦးအောင်စိုးမောင်က အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများ ဆောင်ထားသင့်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဆေးဘူးကို စနစ်တကျ သုံးစွဲတတ်စေရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့ မြေကွက်လပ်၌ လက်တွေ့သရုပ်ပြ လေ့ကျင့်ရာ ဆီမီးလောင်မှုကို ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် မီးသတ်ဆေးဘူးဖြင့်  မီးငြှိမ်းသတ်စေခြင်း၊ အဝတ်စိုဖြင့် ဖုံးအုပ်ငြှိမ်းသတ်ခြင်းများကို  လက်တွေ့ပြုလုပ်စေကြောင်း  သတင်းရရှိသည်။

Read 8 times Last modified on Friday, 12 January 2018 13:13