SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ ရှိ အဝိုင်းသုံးခုကို ဇန်နဝါရီ တတိယပတ်မှစ၍ မီးပွိုင့်စနစ်ဖြင့် ပြန်လည်ထိန်းချုပ်မည်

Saturday, 13 January 2018 07:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်မြို့တွင်း၌ နေ့စဉ် ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်းနိုင်ရန် အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး အနေဖြင့် ဇန်နဝါရီ တတိယပတ်မှစ၍ ရန်ကုန်မြို့ရှိ အဝိုင်းသုံးခုကို မီးပွိုင့် စနစ်ဖြင့် ပြန်လည် ထိန်းချုပ်မည် ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ ခွဲမှူးရုံး ဒုတိယရဲမှူး ဝင်းလွင်ထံမှ သိရသည်။

မီးပွိုင့်စနစ်ဖြင့် ပြန်လည် ထိန်းချုပ်မည့် အဝိုင်းသုံးခုမှာ ဟံသာဝတီအဝိုင်း၊ ဦးဝိစာရ အဝိုင်းနှင့် ဦးထောင်ဘိုအဝိုင်း တို့ဖြစ်ပြီး နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်သည့် အချိန်များတွင်သာ မီးပွိုင့် စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ကာ ကျန်အချိန်များတွင် မော်တော်ယာဉ်များ အဝိုင်းပတ်၌ ယခင် သတ်မှတ်ထားသည့် ပုံစံအတိုင်းသာ မောင်းနှင်နိုင်ကြောင်း သိရသည်။

''အဝိုင်းမှာ တပ်ထားတဲ့ မီးပွိုင့်တွေက မီးနီပြရင် မော်တော်ယာဉ်တွေ ရပ်ထားရမယ်။ မီးဝါပြရင် တော့ သတိနဲ့ ဖြည်းဖြည်း မောင်းရမယ်။ မီးစိမ်းပြရင် မောင်းနှင်မှု ပြုလုပ်နိုင်ပါပြီ။ အဝိုင်းသုံးခု စလုံး မီးပွိုင့်စနစ်နဲ့ ထိန်းချုပ်တဲ့ အချိန်မှာ ယာဉ်မောင်းတွေအနေနဲ့ လိုက်နာမှု မရှိဘူးဆိုရင် အရေးယူခြင်း ခံရမှာပါ''ဟု ဒုတိယ ရဲမှူးဝင်းလွင်က ပြောသည်။

ယင်းအဝိုင်း သုံးခု၌ မီးပွိုင့်စနစ်ဖြင့် ထိန်းချုပ်မှုကို ကာလရှည် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

Read 7 times Last modified on Saturday, 13 January 2018 07:35