SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နှင့် ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 13 January 2018 11:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မဲဖလံကျေးရွာ၊ မိကျောင်းခေါင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းတွင် အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မျက်စိရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် သံဃာတော် ငါးပါးနှင့် ဒေသခံပြည်သူ ၁၁၃ ဦးကို ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာကိုးဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး မဲဖလံကျေးရွာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနအား ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ယနေ့တွင်လည်း ပြည်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ၂၇၆ ဦးအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုတ်မြောင် ဘုန်းတော်ကြီး ကျောင်း၌ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သော လူနာငါးဦးအား ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 185 times Last modified on Saturday, 13 January 2018 12:23