SJ WorldNews - шаблон joomla Авто

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့ မီးငြှိမ်းသတ်မှု သရုပ်ပြ

Sunday, 14 January 2018 14:02 font size decrease font size decrease font size increase font size increase font size

ညောင်တုန်း   ဇန်နဝါရီ   ၁၃

မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် စည်ပင်သာယာမြို့မ ဈေးကြီး၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတို့က မီးသတ်ယာဉ်သုံးစီးဖြင့် သရုပ်ပြ မီးငြှိမ်းသတ်ကြသည်။

ထို့နောက်   မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး   ဦးသောင်းတန်က မီးသတ်ဆေးဘူးဖြင့်  အဆင့်ဆင့် မီးငြှိမ်းသတ်မှုကို ဈေးသူ၊ ဈေးသားများအား လက်တွေ့ သရုပ်ပြပေးသည်။

အဆိုပါသရုပ်ပြ လေ့ကျင့်ရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီ  ဥက္ကဋ္ဌနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊  မြို့မဈေးဥက္ကဋ္ဌနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ကြကြောင်း သိရသည်။

Read 106 times Last modified on Sunday, 14 January 2018 14:03