SJ WorldNews - шаблон joomla Авто

မြို့နယ်ပေါင်းစုံ အသက် ၂ဝ နှစ်အောက် ဖူဆယ် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

Sunday, 14 January 2018 14:10 font size decrease font size decrease font size increase font size increase font size

တာချီလိတ်  ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဖလား ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်ပေါင်းစုံ အသက် ၂ဝ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက တာချီလိတ်မြို့   ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။

ဗိုလ်လုပွဲအဖြစ်   ကြိုးတံတားလူငယ် အသင်းနှင့်  ရိုမင်တစ်လူငယ် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကြိုးတံတားလူငယ် အသင်းက ၉ ဂိုး -၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ တတိယဆုရ  တာချီလိတ်လူငယ် ဖူဆယ်ဘောလုံး အသင်းအား တစ်ဦးချင်းဆုနှင့်   ငွေကျပ် နှစ်သိန်းကို ရဲသတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူး ဟန်စိုးက လည်းကောင်း၊ ဒုတိယဆုရ ရိုမင်တစ် အသင်းအား တစ်ဦးချင်းဆုနှင့် ငွေကျပ်နှစ်သိန်း ငါးသောင်းကို  ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိမ်းက လည်းကောင်း၊ ပထမဆုရ ကြိုးတံတား လူငယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်သုံးသိန်းကို ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး   ဦးကျော်မော်ထွန်းက လည်းကောင်း၊  တံခွန်စိုက်ဆုဖလားကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။           

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို  ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ တာလေ၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တို့မှ  အသက်၂ဝ နှစ်အောက် လူငယ်အသင်း ၁၂ သင်းတို့က ဇန်နဝါရီ ၆ ရက်မှ  ၁၂ ရက်အထိ  ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 143 times Last modified on Sunday, 14 January 2018 14:11