SJ WorldNews - шаблон joomla Авто

ကျောင်းသား ကျောင်းသူများကို စာဖတ်ရှိန် မြှင့်တင်ရေး ပညာပေး ဟောပြော

Sunday, 14 January 2018 14:25 font size decrease font size decrease font size increase font size increase font size

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၁၃

ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ စာပေဖတ်ရှုလေ့လာမှု အလေ့အထကောင်းများရရှိစေရန်နှင့်   စာပေမှပေးသော အသိပညာဖြင့် မိမိတို့ဘဝရပ်တည်မှု မှန်ကန်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး ပညာပေး ဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံပြပွဲပြသခြင်းနှင့် စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်  ဆည်ပေါက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများသည် ဆည်ပေါက်ကျေးရွာအုပ်စု ဆည်ပေါက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူလေးများအား  စာဖတ်ရှိန် မြှင့်တင့်ရေး လုပ်ငန်းအဖြစ် စာပေဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ဘဝများ မှန်ကန်ခိုင်မာစွာ    ရွေးချယ်လျှောက်လှမ်း နိုင်ကြမည်ဖြစ်ကြောင်း ပညာပေးဟောပြောပြီး   နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းများဖြင့် ဝိုင်းဖွဲ့စာဖတ်စေပြီး မိမိတို့ဖတ်ရှုလေ့လာသည့် အကြောင်းအရာ များကို ပြန်လည်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြကာ ကျောင်းစာကြည့်တိုက် အတွက်   စာပေရေချမ်းစင် စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက ပေးအပ်လှူဒါန်းရာ ကျောင်းစာကြည့်တိုက် တာဝန်ခံက   လက်ခံရယူကြောင်း   သိရသည်။

Read 8 times Last modified on Sunday, 14 January 2018 14:26