SJ WorldNews - шаблон joomla Авто

နေရပ် စွန့်ခွာသူများ ပြန်လည် စိစစ်လက်ခံရေး လုပ်ငန်း ဆောင်ရွက် ထားရှိမှုနှင့် ကူညီ ထောက်ပံ့ပေးမှု အခြေအနေများ ကြည့်ရှု စစ်ဆေး

Saturday, 20 January 2018 10:50 font size decrease font size decrease font size increase font size increase font size

မောင်တော ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် အထူးလုပ်ငန်းအဖွဲ့(ask Force) ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူ များသည်

ယနေ့တွင် မောင်တောခရိုင် အတွင်းရှိ လှဖိုးခေါင်ကြားစခန်း၊ ငါးခူရနှင့် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းတို့သို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေး လုပ်ငန်းအတွက် ပြင်ဆင် ဆောင်ရွက် ထားရှိမှုနှင့် ကူညီ ထောက်ပံ့ပေးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အထူး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် နေရပ် စွန့်ခွာ သူများအား ပြန်လည် လက်ခံမည့် လှဖိုးခေါင်ကြားစခန်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကြပြီး မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် အရ ယခုလ ၂၃ ရက်တွင် နေရပ်စွန့်ခွာ သူများအား ပြန်လည်စိစစ် လက်ခံရေး လုပ်ငန်းအတွက် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရန်၊ ဆေးခန်း အပါအဝင်ရေ၊ မီး၊ မိလ္လာ စသည့် အခြေခံ လိုအပ်ချက်များ ပြည့်စုံစေရန် မှာကြားကြသည်။

ထို့နောက် ငါးခူရ ယာယီလက်ခံရေး စခန်းသို့ ရောက်ရှိကြပြီး ယာယီ လက်ခံရေး စခန်း ဆောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အထူး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့ဝင်များသည် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းသို့ ရောက်ရှိကြပြီး စခန်းများ ဆောက်လုပ်နေမှု အခြေအနေ၊ မြေနေရာ အနေအထား၊ လုံခြုံရေး အခြေအနေ၊ ဝန်ထမ်းအိပ်ဆောင်များ ဆောက်လုပ် ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ကြည့်ရှု စစ်ဆေးကြကာ လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် မောင်တောမြို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ပြန်လည်စိစစ် လက်ခံရေးနှင့် UEHRD လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အထူးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ဆက်လက် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များ အောင်မြင်ရေး ဆွေးနွေး မှာကြားကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြန်လည်လက်ခံရေး စခန်းများ၏ လိုအပ်ချက်များကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် လက်ခံရေး စခန်း၌ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြကြကြောင်း သိရသည်။ အောင်ရဲသွင်၊ ကိုမင်း

Read 180 times Last modified on Saturday, 20 January 2018 10:51