SJ WorldNews - шаблон joomla Авто

သထုံမြို့တွင်း အဓိက လမ်းများကို နိုင်လွန် ကတ္တရာခင်း

Saturday, 20 January 2018 10:52 font size decrease font size decrease font size increase font size increase font size

သထုံ ဇန်နဝါရီ ၁၉

မွန်ပြည်နယ် သထုံမြို့တွင်းရှိ အဓိကလမ်း များကို မြို့အင်္ဂါရပ် နှင့်အညီ ရေရှည်ကောင်းမွန်ပြီး ပျက်စီးမှု နည်းပါးစေရန် အတွက် မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နိုင်လွန်ကတ္တရာ ခင်းခြင်း လုပ်ငန်းများ

ဆောင်ရွက် လျက်ရှိကြောင်း သထုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

''ဒီနှစ်ဘတ်ဂျက် ထဲမှာတော့ လမ်းသုံးလမ်းနဲ့ လာမယ့်နှစ် ဘတ်ဂျက်ရဲ့ ပထမခြောက်လတာ အတွက်က လမ်းသုံးလမ်း ခွင့်ပြုထားပြီးပါပြီ။ အခုလောလောဆယ် ဒီနှစ်အတွက် ခွင့်ပြုထားတဲ့ လမ်းတွေကို အရင်လုပ် နေပါတယ်။

ပြီးရင် လာမယ့်နှစ် ဘတ်ဂျက်အတွက် လမ်းတွေကိုလည်း ကြိုတင် ဆောင်ရွက် ခွင့်တင်ပြီး ဒီနှစ်ထဲမှာပဲ လုပ်မှာပါ။ ခုလို နိုင်လွန်ကတ္တရာလမ်း ခင်းလိုက်တော့ သာမန် ကတ္တရာလမ်း ထက်တော့ ပျက်စီးမှု နည်းလာပြီး ရေရှည်ခံတယ်။ လမ်းသားလည်း ချောမွေ့တော့ သွားရေးလာရေး မှာလည်း ပိုကောင်း လာတာပေါ့'' ဟု သထုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းက ပြောသည်။

လက်ရှိ အချိန်တွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် သထုံမြို့တွင်းရှိ ရွှေစာရံဘုရား လမ်းအရှည်ပေ ၁၆၂ဝ ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၈၁၆ သိန်းဖြင့် လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီး အရှည်ပေ ၃၄ဝဝ ရှိ မြသပိတ် ဘုရားလမ်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၂၃၃ သိန်း၊ အရှည်ပေ ၁၇၄ဝ ရှိ ရုံးကြီးလမ်းကို ခွင့်ပြု ရန်ပုံငွေကျပ် ၆၂ဝ ဒသမ ၅ သိန်းနှင့် ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အရှည်ပေ ၂၆၁ဝ ရှိ နတ်စင်လမ်းကို ခွင့်ပြုရန်ပုံငွေကျပ် ၇၈၃ သိန်း၊ အရှည်ပေ ၂၆ဝဝ ရှိ ဆေးရုံလမ်းကို ခွင့်ပြုရန်ပုံငွေကျပ် ၇ဝ၂ သိန်းနှင့် အရှည်ပေ ၃၁၂ဝ ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းလမ်းကို ခွင့်ပြုရန်ပုံ ငွေကျပ် ၁၁၈၆ သိန်း စုစုပေါင်း လမ်းခြောက်လမ်းကို ခွင့်ပြုရန်ပုံငွေ ၅၃၄ဝ ဒသမ ၅ သိန်းဖြင့် နိုင်လွန် ကတ္တရာ ခင်းခြင်း လုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သက်ဦး(သထုံ)

Read 258 times Last modified on Saturday, 20 January 2018 10:53