SJ WorldNews - шаблон joomla Авто

နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့် တပ်ဆင်

Saturday, 20 January 2018 10:54 font size decrease font size decrease font size increase font size increase font size

ဒီပဲယင်း ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မင်းတဲကုန်း ကျေးရွာအုပ်စု ရှမ်းတော ကျေးရွာရှိ ကျေးရွာနေ ပြည်သူများ သောက်သုံးရေ အလုံအလောက် ရရှိစေရန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ

တာဝန်ရှိသူ များသည် ဇန်နဝါရီ ၁၈ ရက်က စက်သုံးဆီကုန်ကျမှု သက်သာသည့် နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့်စနစ် တပ်ဆင်ပေးကြောင်း သိရသည်။

နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့် တပ်ဆင်ခြင်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေမှ ငွေကျပ် ၆ ဒသမ ၈ သန်းအကုန် အကျခံ တည်ဆောက် တပ်ဆင်ပေးခြင်း ဖြစ်ပြီး အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့် တပ်ဆင်နိုင် ခဲ့သဖြင့် နေရောင်ခြည် စွမ်းအင်ဖြင့် သောက်သုံးရေများကို အလွယ်တကူ ရရှိစေပြီး စက်သုံးဆီ ကုန်ကျမှုကို လျှော့ချပေး နိုင်ခဲ့သည်။

''ဒီကျေးရွာမှာ အရင်က သောက်သုံးရေကို ရွာအတွင်းမှာ ရှိတဲ့ လက်တူးတွင်း လေးတွင်း ကနေ သုံးစွဲနေကြတာ၊ အခု နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့် တပ်ဆင်ပေးတဲ့ ရေတွင်းက ဒီဇယ်အင်ဂျင်သုံး ရေတင်ပန့်နဲ့ ရေတင်ရတာဆိုတော့ စက်သုံး ဆီဖိုးတွေ ကုန်ကျမှု ရှိတယ်၊ အခုကျတော့ နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့်နဲ့ ရေတင်ရတာ ဆိုတော့ စက်သုံးဆီကုန်ကျမှု မရှိတော့ဘူး။ ရေကိုလည်း ပိုပြီး အသုံးပြု နိုင်ပါတယ်''ဟု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ပြောသည်။

နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့် တပ်ဆင်ပေးထားသော ရှမ်းတောကျေးရွာ၌ အိမ်ခြေ ၈ဝ၊ လူဦးရေ ၂၈ဝ ရှိပြီး ကျေးရွာတွင် လက်တူးတွင်း လေးတွင်းနှင့် စက်ရေတွင်း တစ်တွင်းဖြင့် ကျေးရွာ သောက်သုံးရေများကို အသုံးပြုလျက် ရှိရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဒီဇယ်အင်ဂျင်သုံး စက်ရေတွင်းတွင် ငွေကျပ် ၆ ဒသမ ၈ သန်းတန်ဖိုးရှိ ဆိုလာဆဲလ်များနှင့် နေရောင်ခြည် စွမ်းအင်သုံး ရေတင်ပန့်များ တပ်ဆင်ပေးသဖြင့် စက်သုံးဆီဖိုး သက်သာစွာ သောက်သုံးရေကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Read 174 times Last modified on Saturday, 20 January 2018 10:55