SJ WorldNews - шаблон joomla Авто

ပါပန့်ကျွန်းသို့ ပြည်တွင်း ခရီးသွား လာရောက် လည်ပတ်မှု များလာ

Saturday, 20 January 2018 10:55 font size decrease font size decrease font size increase font size increase font size

မြိတ် ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများသို့ ပြည်တွင်းပြည်ပမှ ခရီးသွားများ လာရောက် လည်ပတ်မှုမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာပြီး

ယခုနှစ် ခရီးသွား ရာသီတွင် ပါပန့်ကျွန်း(ခေါ်) ကျောက်လုံးကမ်းခြေသို့ ပြည်တွင်း ခရီးသွားများ လည်ပတ်မှု များပြား လာကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈ဝဝ ကျော် ရှိသည့်အနက် လေးကျွန်း၊ သမီးလှကျွန်း၊ လိပ်ဥသောင်၊ ဒုံးညောင်မှိုင်း၊ ဒုံးကျွန်း စသည့် ကမ်းခြေများသို့ ခရီးသွားများ လာရောက်မှု များပြားပြီး ယခုနှစ် ခရီးသွားရာသီတွင် ပါပန့်ကျွန်း(ခေါ်) ကျောက်လုံး ကမ်းခြေမှာ လူသိ များ လာသည်။

အဆိုပါ ပါပန့်ကျွန်း (ခေါ်) ကျောက်လုံးကမ်းခြေမှာ ပေ ၂ဝဝဝ နီးပါးခန့် ရှည်လျားပြီး သဘာဝ အတိုင်း လှပနေသော ကျောက်လုံးများနှင့် ကျွန်းပေါ်ရှိ ကျောက်ဆောင်များ၊ ကျောက်မုခ်ဦးဝ၊ သဲသောင်ကမ်းခြေများ၊ တောတောင်ရှုခင်း အလှများ ရှိခြင်းကြောင့် ခရီးသွားများ လာရောက် လည်ပတ်ကြသည်။

''ဒီကျောက်လုံးကမ်းခြေက မြန်မာနိုင်ငံ မှာဆိုရင် တစ်ခုပဲ ရှိတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာတော့ ရှိတော့ရှိတယ်။ ဒါမျိုးကျောက်လုံး အများကြီးတော့ မဟုတ်ပါဘူး''ဟု Blissful Myanmar Travel And Tour ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကမ်းခြေရှိ လှပသည့် ကျောက်လုံးများ၊ ကျောက်ဆောင်များ၊ ကျောက်မုခ်ဦးဝ၊ သဲသောင် ကမ်းခြေသို့ ခရီးသွားများ စိတ်ဝင်တစား လာရောက် လည်ပတ်မှု များလာကာ မြိတ်မြို့မှ ရေမိုင် ၅ဝ ခန့်ရှိပြီး နေ့ချင်းပြန် ခရီးစဉ်များ ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Read 313 times Last modified on Saturday, 20 January 2018 10:56