SJ WorldNews - шаблон joomla Авто

အချစ်ပုစ္ဆာ ဘဝအဖြေရှာ ကျန်းမာရေး အသိပညာပေး Mobile Application မိတ်ဆက်

Saturday, 20 January 2018 10:56 font size decrease font size decrease font size increase font size increase font size

ဘားအံ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ် ဘားအံမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင် ရေး ဌာနခွဲနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍

အချစ်ပုစ္ဆာ ဘဝအဖြေရှာ ကျန်းမာရေး အသိပညာပေး Mobile Application မိတ်ဆက်ခြင်း အခမ်းအနားကို ယမန် နေ့နံနက် ၉ နာရီက ဘားအံမြို့ သူနာပြုသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အမှာစကား ပြောကြားသည်။

ထို့နောက် ''ယဉ်ကျေးမှုကြောင့် ပွင့်ပွင့်လင်းလင်း ပြောလို့ မရတာတွေ ရှိတယ်။ ညီအစ်ကို မောင်နှမချင်း၊ အမေနဲ့သမီး၊ အမေနဲ့သား၊ အဖေနဲ့သားသမီး ပြောရတဲ့ အခါမှာ အခက်အခဲ လေးတွေရှိတဲ့ အခါကျတော့ Mobile Application ထည့်ထားခြင်းအားဖြင့် မျိုးဆက် ပွားဆိုင်ရာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို သူတို့ ကိုယ်တိုင် ရှာဖွေ တွေ့ရှိနိုင်ရေး အတွက် ဒီ Application ကို မိတ်ဆက်ရခြင်း ဖြစ်ပါတယ်''ဟု နေပြည်တော် ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောသည်။

အဆိုပါ Mobile Application တွင် ချစ်မှုရေးရာ၊ လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ဆက်စပ်သည့် အကြောင်းအရာ ဗဟုသုတများနှင့် သက်ဆိုင်သည့် အခန်းရှစ်ခန်း ပါဝင်သည်။

ယင်း Mobile Application မိတ်ဆက်ခြင်း အခမ်းအနားကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် နေပြည်တော်၌ လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ လည်းကောင်း၊ ယခုအခါ ကရင်ပြည်နယ် ဘားအံမြို့၌ လည်းကောင်း မိတ်ဆက်ပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အဆိုပါ Application ကို မိတ်ဆက်ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း

Read 239 times Last modified on Saturday, 20 January 2018 10:57